ဖယ်ခုံမြို့မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၃၆ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် လသားအရွယ်နှင့် ၂ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က ခမရ ၃၃၆ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လသားအရွယ်နှင့် ၂ နှစ်အရွယ် ကလေး ၂ ဦးအပါအ ဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၇ ညနေ ၃ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၃၆ တပ်ရင်းမှ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖယ်ခုံမြို့နယ်၊ ကုန်းပေါ်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ၂ နှစ်အ ရွယ် ကလေးငယ် ၁ ဦး နှင့် ၁ လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“လက်နက်ကြီးအလုံးရေက စုစုပေါင်း ၁၅ လုံးလောက်ရှိမယ်၊ တစ်မိသားစုထဲကလူတွေထိတာဟုတ် တယ်၊ တစ်မိသားစုထဲဆိုတာထက် အမျိုးတွေပေါ့၊ တနေရာတည်းကို ကျလို့ အကုန်လုံးကိုထိပြီး တော့သေသွားတာ၊ မနေ့က ညနေပိုင်းကနေ နောက်တစ်နေ့မနက်အထိ ပစ်နေတုန်းပဲ၊ ထိခိုက်ဒဏ် ရာတဲ့ ပြည်သူတွေလည်းရှိတယ်။ နေအိမ်ကတော့ ၄ လုံးလောက်ပျက်စီးသွားတယ်” ဟု ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို လေကြာင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် စစ်ပွဲများနှင့်လွတ်ကင်းရာနေရာများကို တိမ်းရှောင်နေသည့် ပြည်သူ များအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့်အပေါ် ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) အနေဖြင့် ပြင်းထန်စွာရှုတ်ချပါကြောင်း ထုတ်ပြန်ထားသည်။
Than Lwin Myanmar Media