နေပြည်တော် MICC2 မှာ ကြည်း၊ ရေ၊ လေညှိနှိုင်းကွက်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့ သားမင်္ဂလာပွဲနဲ့ မင်းအောင်လှိုင်တရုတ်ပြည်ကို ထွက်ခွာစဉ် နေပြည်တော် လေဆိပ်ကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်မှာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၇ ဦး သေဆုံး
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၇
အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – MICC 2 အတွင်း ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူမောင်မောင်အေးရဲ့ သားမင်္ဂလာပွဲကျင်းပနေစဉ် အသေခံ ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲနှင့်စစ်သားအချို့သေဆုံးမှုရှိခဲ့ပြီး စစ်ဗိုလ်ချုပ်အချို့မှာ ကြောက်လန့် ထွက်ပြေးသွားကြတယ်လို့ Kloud ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက သံလွင်မြန်မာ သတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Myan -mar International Convention Center – MICC 2) အတွင်းမှာ အကြမ်းဖက် စစ်တပ် ကြည်း၊ ရေ၊ လေ ညှိုနှိုင်းကွက်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးရဲ့ သားမင်္ဂလာပွဲကို စစ်အသိုင်းအဝိုင်းက လူတွေနဲ့ ကျင်းပခဲ့တာပါ။
အဲဒီမင်္ဂလာပွဲကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက အသေခံ (ကာမီကာဇေ) မောင်းသူမဲ့လေ ယာဉ် ငယ်တွေနဲံ ဗုံးကြဲ တိုက် ခိုက်ခဲ့ရာ လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိ ခိုက် သေဆုံးမှုရှိခဲ့ကာ စစ်ဗိုလ်ချုပ်ကြီးတွေ ကြောက်လန့်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
“အဓိကတော့ စစ်ခေါင်းဆောင်တွေ တက်ရောက်မယ်ဆိုတာ အတိအကျသတင်းရလို့ သွားရောက် တိုက်ခိုက်ခဲ့တာပါ၊ မင်္ဂလာပွဲလုပ်မယ်ဆိုတာ ဖိတ် စာခဲ့တယ်၊ လုံခြုံရေးယူပေးနေတဲ့ ရဲ၊ စစ်သား အချို့ ထိခိုက်ဒဏ်ရာရတယ်၊ အခက်ခမ်းအနားတက်နေတဲ့ စစ်ဗိုလ်ချုပ်တွေကြောက်လန့်ထွက်ပြေး တာရှိတယ်၊ အချို့စစ်ဗိုလ်ချုပ်တွေဆိုရင် လမ်းကနေလှည့်ပြန်ပြေးကြတာလည်းရှိတယ်။” ဟု Kloud ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone အဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ် နိုင် ငံကို ထွက်ခွာမယ့်အချိန် သတင်းအတိအကျရလို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone အဖွဲ့နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီး နေပြည်တော်လေဆိပ်နဲ့ အေလာလေဆိပ်အတွင်း ကို Fixed wing အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှုး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး ၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၂ ဦး နှင့် လေဆိပ်လုံခြုံရေး ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“မင်းအောင်လှိုင် တရုတ်နိုင်ငံသွားတုန်းကလည်း အချိန်အတိအကျသတင်းရတဲ့အတွက် သွားချတာ ၊ မင်းအောင်လှိုင်က သူ့ဘေးနားရှိသူတောင် သူမယုံတော့ တခြားလေဆိပ်ကနေ ထွက်သွားတဲ့အတွက် မထိတာပါ၊ လေဆိပ်ခန်းမထဲမှာ မင်းအောင်လှိုင်ရောက်နေပြီး သတင်းရထားတဲ့အချိန်ကို တိုက်ခိုက် နိုင်ခဲ့ပါတယ်” ဟု Kloud ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာလည်း သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့နဲ့ လိပ်သိုဗျူဟာကုန်းကို ပထမအကြိမ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ဘုရင့် နောင်တပ်မြို့ကို ဒုတိယအကြိမ် Shar Htoo Waw နည်ပညာတပ်ဖွဲ့- KLOUD Team တပ်ဖွဲ့ကနေ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူး။
Than Lwin Myanmar Media