မတ္တရာမြို့နယ်၊ လက္ကောင်းကြီရွာ ဓမ္မာရုံကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းနဲ့ ဗုံးကြဲချမှု ကြောင့် ကိုယ်ရင် ၁ ပါးနှင့် အမျိုးသမီးငယ် ၂ ဦးသေဆုံး ၊မတ္တရာမြို့နယ်ကို ဆက်လက်ထိန်းချုပ်ဟု ဆို
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာ ဓမ္မာရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၁ ပါးနဲ့ အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့ တယ်လို့ မန္တလေး PDF တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ (နိုဝင်ဘာလ ၂၇ ရက်) မနက် ၉ နာရီ ၁၅ မိနစ်က မတ္တရာမြို့နယ် ၊ လက္ကောင်းကြီးကျေးရွာ အုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ရာ ကိုရင် ၁ ပါး နှင့် အမျိုးသမီးငယ် ၂ ဦး အသက်သေဆုံးခဲ့ရတယ် ထုတ်ပြန်ထားတာပါ။
အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုတွေ ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်တို့မှာလည်း တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့လက်လွှတ်ဆုံးရှုံးထားတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေ ပြန်လည်ရရှိနိုင်ဖို့ စစ်ကြောင်းထိုးကာ ကြိုးစားတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။
Than Lwin Myanmar Media