မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၃၀ ကျော်သေဆုံးပြီး ဒရုန်း၊ ငါးကြင်းမြီးလက်နက်အပါအဝင် လက်နက် ၁၀ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၇
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး ဒရုန်း၊ ငါးကြင်းမြီးလက်နက်အပါအဝင် လက်နက် ၁၀ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ် ကပစ-၁၂ (သရက်) ၊ ကပစ-၁၈ (တောင်တွင်းကြီး) ၊ ခလရ-၄၄ (သရက်) ၊ တပ်မ-၈၈ (မကွေး)တွေက စစ်ကောင်စီတပ်သားတွေ နဲ့ မင်းတုန်းမြို့နယ် ပျူခေါင်းဆောင်ဖိုးပြားပါ ၆ ယောက် စုစုပေါင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ် ကြောင်းဟာ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာကနေ ငှက်ပျင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာ ခဲ့ပါတယ်၊
နိုဝင်ဘာလ ၁၉ ရက်နေ့မှ ငှက်ပျင်းကျေးရွာက ပြည်သူ့နေအိမ် ၃ လုံးကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးကာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာလည်း မြောက်ပြင်ကျေးရွာနဲ့ ကြိုဝ ကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှာတော့ မြောက်ပြင်ကျေးရွာနဲ့ ကြိုဝကျေးရွာဝန်းကျင်တဝိုက်ကို အကြမ်း ဖက်စစ်သားတွေက တနေကုန်လက်နက်ကြီးအချက်ရေ ၆၀ ခန့်ပစ်ခတ်ပစ်ကာ နိုဝင်ဘာလ ၂၂ ရက် နေ့ မနက်ပိုင်းမှာ ကြိုဝကျေးရွာထဲဝင်ရောက်ကာ ပြည်သူ့နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုး ကြီးပစ္စည်းတွေယူဆောင်ပြီး ဘုန်းကြီးကျောင်းအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။
အကြမ်းဖက်စစ်သားများ ဝင်ရောက်နေရာယူချိန် သရက်ခရိုင်အမှတ် -၄ တပ်ရင်းနဲ့ ကျောင်းသား လက်ရုံးတပ်တော် (SAF) ပူးပေါင်းစစ်ကြောင်းကနေ ဒရုန်း နဲ့ ၆၀ မမ ဗုံးသီးတွေအသုံးပြု တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာအပြင်ဘက်ကို ထွက်ပြီး စခန်းချနေရာယူတယ် လို့ ဆိုပါတယ်။
အဲဒီစခန်းချနေရာယူထားတဲ့အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာလ ၂၆ ရက် မနက် ၆ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် -၁ စစ်ဒေသ ၊ မကွေးတိုင်း၊ သရက်ခရိုင်အမှတ် – ၄ တပ် ရင်း တပ်ခွဲ ၁ နှင့် တပ်ခွဲ ၃ မှ လက်ဦးမူရယူပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာမြင့်ကာ စစ်သား ၃၀ ခန့်သေဆုံးပြီး ကျန်စစ်သားတွေ ကစဉ့်က လျား ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သားတွေထံက MA1 အမျိုးအစား သေနတ် ၃ လက်၊ MA3 အမျိုးအစား သေနတ် ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ MA15 ငါးကြင်းမြှီးစက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေးဒရုန်း ၁ စီးနဲ့ MA ကျည် အတောင့် ၁၈၀၀ ၊ ငါးကြင်းမြှီးကျည် အတောင့် ၄၅၀ ၊ ၆၀ မမ ဗုံးသီး ၇ လုံး တို့နှင့်အတူ ပြည်သူတွေ ထံက ခိုးယူထားတဲ့ ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ကပစ -၁၈ (တောင်တွင်းကြီး) တပ်က တပ်ကြပ်အဆင့်ရှိသူ စစ်သုံ့ပန်း ၁ ဦး အရှင်မိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ တပ်ခွဲမှူး ၁ ဦးနဲ့ ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲပြီးဆုံးလို့ ပြန်လည်ဆုတ်ခွာပြီးချိန်မှာ အကြမ်းဖက်စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာကို ရဟတ်ယာဉ် ၃ စီးနဲ့ မိနစ် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထား တဲ့ အကြမ်းဖက်စစ်သားတွေကို သရက်ခရိုင်အမှတ်-၄ တပ်ရင်းနဲ့ ကျောင်းသားလက်ရုံး တပ်တော် (SAF) တို့ ပူးပေါင်းကာ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပါသေး တယ်။
လက်ရှိအချိန်မှာလည်း အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ကူအင်အားတွေ ထပ်မံစုဖွဲ့ကာ မြောက်ပြင်ကျေးရွာနဲ့ ကြိုဝကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထပ်မံ စစ်ကြောင်း ထိုးနေလို့ ထိတွေ့တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလာနိုင်တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုထားပါတယ်။
Than Lwin Myanmar Media