Mandalay News

0 0
Read Time:2 Minute, 36 Second

နွားထိုးကြီးမြို့ပေါ်နှင့် မြင်းခြံ၊ လယ်သစ်ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ရဲ ၅ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်က နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနဲ့ အထွေထွေ အုပ် ချုပ်ရေးမှူးရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ပူးပေါင်းကာ ဒရုန်းနဲ့ ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာပါ။

နိုဝင်ဘာလ ၂၄ ရက် မနက် ၁၀ နာရီ ဝန်းကျင်ကလည်း နွားထိုးကြီးပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Shar Htoo Waw နည်းပညာ Fixed wings ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

အဲဒီ ဒရုန်းစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း – Natogyi People Defence Force ၊ မြင်း ခြံခရိုင် အမှတ် ၁၀ တပ်ရင်း နဲ့ Myingyan District Drone Strike တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ လယ်သစ်ပျူစောထီးကျေးရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းဖို့ အစည်းအဝေးခေါ်ယူပြီး မဲနှိုက်နေစဉ် Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းများဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မြင်းခြံမြို့ဆေးရုံသို့ သယ်ဆောင်ကြောင်း သိရသည်။

 

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း -Natogyi People Defence Force ၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ အမှတ် ၁၈၄၈ နဲ့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Than Lwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *