TNLA News

0 0
Read Time:3 Minute, 43 Second

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေကို ငဲ့ညှာတာကြောင့် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ TNLA ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

တရုတ်နိုင်ငံအစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေကို ငဲ့ညှာတာကြောင့် စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ TNLA က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

 

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းစစ်ရေးအပါအဝင် ပြင်းထန် တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာ ထောက်ထား၍သော် လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင် ကြိုးပမ်း ဆောင် ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း တွေ့ ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

 

စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး အခြေအနေ တည်ဆောက် ဖို့ အတွက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်းကျိုးရှိတဲ့အမြင်နဲ့ အမြဲပူး ပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလျက်ရှိသလို ကောင်းမွန်တဲ့ရလဒ်တွေ ရရှိစေဖို့ ပူးပေါင်း ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစတင်၍ တအာင်းဒေသ အတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့တာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်စခန်းတွေ၊ စစ်ကြောင်းတွေကို  မြို့ရွာတွေကနေ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပေမယ့် စစ်တပ်က ပြည်သူကို ဦးတည်ပစ် မှတ်ထားကာ လေကြောင်းနဲ့ အမြဲမပြတ် ဗုံးကြဲတိုက်ခိုက်နေတာပါ။

 

အဲဒီလို တိုက်ခိုက်နေတဲ့အတွက် အပြစ်မဲ့ ပြည်သူလူထုတွေ သေကြေဒဏ်ရာရတာအပြင် နေအိမ် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။

 

တအာင်းလူမျိုးတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ဖို့၊ တအာင်းပြည်နယ်ရရှိဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်တာဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူတွေနဲ့ အတူတကွ တည်ဆောက်ဖို့ အမြဲတစေ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ TNLA က အသိပေးထားပါတယ်။

 

ပြည်သူကို ထောက်ထားညှာတာခြင်းနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင် စွဲထားကာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာရန် အသင့်ရှိတယ်လို့ TNLA က ပြောပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီကမူ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ် မှတ်ကြောင်း ဒီ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Than Lwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *