Tanintharyi News

0 0
Read Time:4 Minute, 35 Second

ထားဝယ်ခရိုင်အတွင်းရှိ အကြမ်းဖက် စစ်တပ်ကို အမြစ်ဖြတ်တိုက်ထုတ်နိုင်ရန် PDF တပ်ဖွဲ့များ တပ် ပေါင်းစုဖွဲ့စည်း၊ မြေပြင်တိုက်ခိုက်ပွဲတွေ အရှိန်မြှင့်လုပ်ဆောင်မည်ဟုဆို

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ကို အဖြစ်ဖြတ်တိုက် ထုတ်နိုင်ရန် PDF တပ်ဖွဲ့များ တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

 

အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှု အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ အမှတ် ၂ တပ်ရင်း ၊ ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ် ၊ ရေဖြူမြို့နယ်တွေမှာရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ပူးပေါင်းကာ ထားဝယ်ခရိုင် တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်တာပါ။

ထားဝယ်ခရိုင်တပ်ပေါင်းစုဟာ ထားဝယ်ခရိုင် အတွင်းရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစု တွေ အားလုံးနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့၊ အမိန့်တစ်ခုတည်းအောက်မှာ ပူးပေါင်း တိုက်ပွဲ ဝင်နိုင်ဖို့၊ ဘုံရန်သူန် အကြမ်းဖက် စစ်တပ်ကို စုပေါင်းအားနဲ့ တွန်းလှန် တိုက်ခိုက် နိုင်ဖို့နဲ့ တူညီတဲ့ ဘုံရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် ဖွဲ့စည်း လိုက်တာဖြစ်ပါ တယ်။

 

“ထားဝယ်ခရိုင် တပ်ပေါင်းစုက MOD အောက်မှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကို စု ပေါင်းပြီးတော့ ဖွဲ့စည်းထားခြင်းဖြစ်တယ်။ Local PDF တွေတော့ မပါသေးဘူး။ လာမည့် အချိန်ကျ ရင် တော့ ထပ်ပြီးပါလာမယ်လေ ကျွန်တော်တို့ ထားဝယ်ခရိုင်ထဲမှာ စခတွေ သောင်းကျန်းနေတာ တွေရှိတယ်။ ရေဖြူနဲ့ လောင်းလုံးအစပ်ပေါ့။ အဲဒီဘက်တွေကို ကျွန်တော်တို့က လက်လှမ်းမမှီတာ တွေရှိ တယ်။ ဒါကြောင့်မို့လို့ လှုပ်ရှားနိုင်ခြင်းမရှိတာတွေ ရှိတယ်။ မလှုပ်ရှားဘူးဆိုတာ နောက်ကျတဲ့ အတိုင်းအတာတွေရှိတာပေါ့။ နောက်ကျမှ သွားတိုးရင် ကျွန်တော်တို့တွေပဲခံရမှာလေ ကျွန်တော်တို့ လာမယ့် ၁၂ ပိုင်းကျရင် ထားဝယ်ခရိုင် တပ်ပေါင်းစုက တစ်ခုခုလုပ်မယ်။ အဲမှာ အမိန့်တစ်ခုတည်းနဲ့ သွားနိုင်အောင် ကြိုးစားနေခြင်းဖြစ်တယ်။ ကျွန်တော်တို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက အမိန့်တစ်ခု တည်းအောက်ကနေသွားမယ်။ အခု လက်နက်ကိုင်အဖွဲ့တွေကို ပေါင်းစည်းနေပြီဖြစ်တဲ့ အတွက် ထောက်ပို့ပြည်သူတွေကော သူ့အဖွဲ့ ကိုယ့်အဖွဲ့လို့ မသတ်မှတ်ဘဲနဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထောက်ပံ့ပေးဖို့ ပြည်သူတွေကလည်း ကျွန်တော်တို့ ပေါင်းစည်းတာကို လိုလားမယ်လို့ မျှော်လင့် တယ်။ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ ပြည်သူကို ကျေနပ်မှုရှိအောင် လတ်တလော အလုပ်လုပ်ပြတဲ့ အခြေအနေ ပဲရှိသေးတယ်။ ဒါကြောင့်မို့လို့တကယ့် မြေပြင်မှာ မလုပ်ရသေးဘူး။ တကယ် မြေပြင်မှာ လုပ်ရတဲ့ အချိန်ရောက်ရင် သူတို့ ဝမ်းသာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ထား၀ယ်ခရိုင် တပ် ပေါင်းစု ဗျူဟာမှူးက ရှင်းပြပါတယ်။

 

ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ၊ ဒေသအခြေပြု လက်နက်ကိုင် အင်အားစုများ (Local PDF) ၊ ထောက်ပို့အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်း မီဒီယာကွန်ယက်များ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ၊ အပြန်အလှန် ယုံကြည်မှု လေးစားမှု နှင့် ဖေးမကူညီ ထိန်းကျောင်း သွားကြပြီး စည်းလုံးညီညွတ်စွာပူးပေါင်း၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက် ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် တယ်လို့ ဆက်လက်ပြောပါတယ်။

Than Lwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *