ကဗျာကဏ္ဏ “ရွှေတိုင်းဌာနီ”
ပျိုးကြဲလက်
ဘိုးဘေးဘီဘင် ၊ သာကီဝင်မှ
အမွန်အမြတ် ၊ မွေခံအပ်၍
ကျမ်းတတ်မျိုးဆွေ ၊ နောင်သားတွေသည်
စာပေးလည်းခင်၊ တရားမင်၏ ။
ဤကားဓမ္မ ၊ အဓမ္မနှင့်
ဝါဒကွဲပြား ၊ လားရာမှားလျှင်
ကျောသားရင်သား ၊ မခွဲခြားပဲ
တရားလည်းဖက် ၊ ဓားလည်းထက်၏ ။
စိတ်၏ စေရာ ၊ ပညာပါ၍
ပယ်ခွာသိမ်းထုတ် ၊ ဝမ်းတွင်းပုတ်နှင့်
သူယုတ်စိတ်ထား ၊ နားဝယ်ခါးသည်
ယောက်ျားလည်းစစ် ၊ မယားချစ်၏ ။
ဘုရားတရား ၊ သံဃာ့အားကို
ထိပ်ထားဦးတင် ၊ ရိုးဂုဏ်ထင်လျက်
ကြင်သူသက်ထား ၊ နုညိုထွားသည်
မယားလည်းစစ်၊ လင်သားချစ်၏ ။
စစ်ကိုင်းတိုင်သား၊ ရွှေပြည်သားတို့
အနားမယူ ၊ နိုင်ငံထူလျက်
လာမူကြိုဆီး ၊ ပြည့်ရန်မီးကို
စုစည်းတိုက်ကာ ၊ အောင်ခဲ့ရာ၏ ။
ရွှေတိုင်းဌာနီ
ဧရာချင်းတွင်း ၊ မြစ်နှစ်စင်းနှင့်
ယာခင်းတောတောင် ၊ မယ်နှင့်မောင်တို့
ထူထောင်ဘဝ ၊ ညီညာဖျလျက်
ရက်လနှစ်စွန်း ၊ ရင်နှစ်ထွန်းကာ
ချစ်ခွန်းဖွဲ့သီ ၊ ရှေ့ဆက်ချီသော်
နေရီသဲ့သဲ့ ၊ နှင်းမဲ့မဲ့တွင်
အိုဘယ့်ပန်းချီ ၊ ရေးမမီ ။ ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်
သံလွင်မြန်မာသတင်းဌာန