ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၇ ဦး သေ ဆုံးကာ PDF တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၅
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ People’s Defence Force- Yenangyaung ထံက သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက် မနက် ၄ နာရီက ရေနံချောင်းမြို့နယ်၊ သာလူးကန်၊ ဖိုးကိုးလမ်းကနေ စခန်း ကန်ကျေးရွာအုပ်စု၊ ကန်သာကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီအထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက် မနက် ၄ နာရီမှာလည်း မန်ကျည်းကန်ကျေးရွာအုပ်စု ၊ စမ်းကန်ကြီးကျေးရွာ ဘက်ကို ချဉ်းကပ်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီးတော့ အကြမ်းဖက် စစ် ကောင်စီတပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၇ ဦးသေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။
“အင်းအားက ၁၀၀ လောက်ရှိတယ်။ လေယာဉ်ကတော့ အဆက်မပြတ်ဝဲတယ်၊ ပစ်ခတ်တိုက်ခိုက် တာတော့ မလုပ်သွားဘူး။ ကျနော်တို့ဘက်က ရဲဘော် ၃ ဦးကလည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ရင်း ကျဆုံးခဲ့ရတာပါ” ဟု People’s Defence Force- Yenangyaung မှ ရှင်းပြပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို People’s Defence Force- Yenangyaung ၊Tamar Myay Special Coloum ၊ Midland Dolphins Coloum နှင့် အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အပြစ်မဲ့ ပြည်သူ အမျိုးသား၂ ဦးကို ဖမ်းဆီးပြီး ရက်ရက် စက် စက် နှိပ်စက်သတ်ဖြတ်သွားသလို ကံသာကျေးရွာက ပြည်သူ့နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ လို့ သိရပါတယ်။
Than Lwin Myanmar Media