Crime News

0 0
Read Time:2 Minute, 25 Second

ရှမ်းမြောက်ရှိ ကျားဖြန်ငွေလိမ်ဂိုဏ်းအတွင်း အဓမ္မစေခိုင်းခြင်းခံခဲ့ရတဲ့ ရုရှားနိုင်ငံသားတစ်ဦးပါ ၃၉ ဦးကို ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းစစ်တပ်က ကယ်တင်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓမ္မစေခိုင်းခြင်း ခံ ရသူ ရုရှားနိုင်ငံသားတစ်ဦးပါ ၃၉ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းတော်ဝင်စစ်တပ်က ကယ် တင်ထားတယ်လို့ ထိုင်းနိုင်ငံ Khaosod သတင်းဌာနက ရေးသားထားပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထွက်ပြေး လာတဲ့ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှား ၁ ဦး၊ ရုရှား ၁ ဦးတို့ကို ထိုင်း တော်ဝင်စစ်တပ်က ကယ်တင်ကာ ဘန်ကောက်မြို့ရှိ သီရိလင်္ကာသံရုံးအပါအဝင် သက်ဆိုင်ရာနိုင်ငံ တွေရဲ့သံရုံးတွေကို ဆက်သွယ်ထားလို့ ဆိုပါတယ်။

အဲဒီနိုင်ငံခြားသား ၃၉ ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ဂိုဏ်းသားများရဲ့ အဓမ္မစေခိုင်းတာကိုခံခဲ့ရကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ဘက်ကိုထွက်ပြေးလွတ် မြောက်လာခြင်းပါ။

 

မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန်အွန်လိုင်း ငွေလိမ်ဂိုဏ်းလုပ်ငန်း တွေကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့မှာ အဓိက အခြေစိုက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

 

အဲဒီလုပ်ငန်းတွေမှာ အကြမ်းဖက်စစ်ကောင်စီ ထိပ်တန်းအရာရှိကြီးတွေ၊ ဒေသအုပ်ချုပ်ရေးအာဏာ ပိုင်တွေနဲ့ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်နေတဲ့အတွက် နိုင်ငံတကာ စောင့်ကြည့်နေတဲ့ကြားက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

သံလွင်မြန်မာသတင်းဌာန

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *