ဆီမီးခုံမြို့လက်ဖက်ရည်ဆိုင်မှာ အရက်သောက်မူးနေတဲ့ ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ အရက် သောက်မူးနေတဲ့ ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ MP-9 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ဆီမီးခုံမြို့၊ ရွှေစည်းခုံဘုရား အရှေ့ဘက်ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်အတွင်းမှာ အရက်သောက်စားပြီး မူးရူးနေတဲ့ ရဲ ၃ ဦးကိုတော် လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်မှုအတွင်း နယ်ထိန်း ရဲ ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးသေဆုံးကာ ကျန် ၁ ဦးက ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ ဆီမီးခုံရဲတွေဆီကနေ G3 သေနတ် ၃ လက်နက်နဲ့ ခဲယမ်းအသုံးအဆောင် ပစ္စည်း တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9အဖွဲ့၊ တလုပ်-PDF နဲ့ ရွှေဂျိုးဖြူ-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) အဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သံလွင်မြန်မာသတင်းဌာန