ဖာပွန်မြို့အထွက် မယ်ထော်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး တော် လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်မြို့အထွက် မယ်ထောက်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့က တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ နယ်မြေ ဖာပွန်မြို့အထွက် မထောရွာ အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပူးပေါင်း တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ယင်းအကြမ်းဖက် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ် တွေက ၈ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပါသေးတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့မှာလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်ချနေရာတွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ၄ ကြိမ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ၂ ကြိမ်၊ နိုဝင် ဘာ ၂၁ ရက်နေ့မှာ ၁ ကြိမ်နဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဖာပွန်ခရိုင် မထောရွာတပ်စခန်း သိမ်း ပိုက် ခဲ့ခြင်း အပါအဝင် ၃ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာတော့ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအရေအတွက်ကို အ တည်ပြု နေဆဲဖြစ်တယ် တောင်းပိုင်းစစ်ဒေသက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တောင်ပိုင်းစစ်ဒေသအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားတဲ့အထိ အမြဲမပြတ် ထိုး စစ် ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
သံလွင်မြန်မာသတင်းဌာန