Media News

0 0
Read Time:6 Minute, 25 Second

အကြမ်းဖက်စစ်ကောင်စီ အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

 

D Day News

နိုဝင်ဘာလ ၂၂

 

အကြမ်းဖက်စစ်ကောင်စီ အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA နှင့် IPCM တို့က ယနေ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက်မှာ စစ်ကောင်စီက ၎င်းတို့ရဲ့ လက်အောက်ခံ သတင်းမီဒီယာကောင်စီ တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ၊ ၎င်းတို့ ဖွဲ့စည်းလိုက်သော သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော သတင်း မီဒီယာများနှင့် သတင်းသမားများကို ဖိနှိပ်ရန် သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ရန် စစ်ကောင်စီ အလိုကျ ဖွဲ့စည်းခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားကြောင်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခ့ သတင်းမီဒီယာကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားမှာ မဟုတ်သလို စစ်ကောင်စီရဲ့ ဝါဒဖြန့် ယန္တရားလည်ပတ်စေရေးအတွက်သာ လုပ် ဆောင်မှာဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) က ဆက်လက်ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မတရားအာဏာသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာတွေကို အာဏာသိမ်းအစိုးရဟု မသုံးနှုန်းရန် ဖိအားပေးပြီးတဲ့နောက် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် (၂၆) ဦးအနက် (၂၄) ဦး နှုတ်ထွက်ခဲ့ ပါတယ်။

 

အဲဒီအချိန်ကလည်း စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ မီဒီယာကောင်စီ တရပ်ကို ဖွဲ့စည်းပြီး သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်ခဲ့သလို စစ်ကောင်စီက သတင်း တိုက် တွေ ပိတ်သိမ်းတာ၊ သတင်းမီဒီယာသမားတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ လုပ် ဆောင်ခဲ့ပါတယ်။

 

အဲလိုဒီစစ်ကောင်စီက လုပ်ဆောင်ခဲ့တာတွေကို သတင်းမီဒီကောင်စီအနေနဲ့က ဘာမှ လုပ်ဆောင် ပေးတာမရှိခဲ့သလို စစ်ကောင်စီ အကြိုက် သတင်းမှားတွေကိုသာ ဖြန့်ဝေခဲ့ပါတယ်။

 

အခုဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီက လည်း အကြမ်းဖက် စစ်ကောင်စီ အကြိုက် သတင်း မီဒီယာလွတ်လပ်ခွင့်တွေကို ပိတ်ပင်တာ၊ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ သတင်းထောက်တွေကို ဖိနှိပ် ဦးမည်သာဖြစ်ပါတယ်။

 

ဒါ့ကြောင့် စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)ကလည်း စစ်ကောင်စီ လက် အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုကို ကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေ့ နိုဝင် ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းတဲ့သတင်းမီဒီယာကောင်စီဟာ လွတ်လပ်သော မြန်မာသတင်းမီဒီယာ သမား တွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ဖို့ ဆောင်ရွက်ရန်သာဖြစ်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ် သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)  ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။

 

အခုဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦးဟာ စစ် တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီးတော့ အတွင်းရေးမှူး ဦးအေးချမ်း ဟာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်းရဲ့သား ဖြစ်တဲ့အတွက်စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာပဲ သတင်းထောက် ၃ ဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ် က အာ ဏာ သိမ်းပြီးချိန်မှစ၍ ရေတွက်လျှင် စုစုပေါင်း ရှစ်ဦးအထိ အသတ်ခံခဲ့ရပြီးဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်း သိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူတွေအနက် သတင်းသမား (၅၀) ဦး မှာ ယနေ့အထိ အကျဉ်း ထောင်အသီး သီးတွင် မတရား ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံကို စွန့်ခွာပြီး နယ်စပ်ဒေသနဲ့ နီးစပ်ရာနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ သတင်း မီဒီယာသမား အများအပြား ရှိနေပါတယ်။

 

ဒါ့ကြောင့် သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင်ရွက်နေကြသည့် ဒေသတွင်းနဲ့ နိုင်ငံတကာရှိ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီ လက် အောက်ခံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုဘဲ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းသမား တွေ လုံခြုံရေးအတွက် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ်ဆောင်နေတဲ့ လွတ်လပ်သော မြန်မာသတင်း မီဒီ ယာကောင်စီ (IPCM)နဲ့သာ ဆက်သွယ်ဆောင်ရွက်ကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *