Magway News

0 0
Read Time:1 Minute, 56 Second

ဆိပ်ဖြူမြို့အနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၂၂

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ထံက နေ သိရပါတယ်။

 

ဒီနေ့ (နိုဝင်ဘာလ ၂၂ ရက်) မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ အချိန် ဆိပ်ဖြူမြို့အနီး ဆော-ဆိပ်ဖြူ ကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်တစ်ဦးနဲ့ တပ်သား ၁ ဦး သေဆုံးပြီး  ၃ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“ဂိတ်မှာက ၈ ယောက်လောက်ပဲရှိတာ၊ ထွက်မပြေးပဲ ခံပစ်နေကြတာ၊ မြို့နဲ့ကလည်း နီးတယ်။ ထိ တွေ့ မှုက ၅ မိနစ် လောက်ပဲ၊ စစ်ကူကား ၃ စီးတက်လာလို့သာ လက်နက်မကောက်နိုင်ပဲ ပြန်ဆုတ် ခဲ့ရတာ” ဟု မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အ မှတ် – ၁၉တပ်ရင်း ၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ နဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *