ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး
D Day News
နိုဝင်ဘာလ ၂၂
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ် ခတ်တာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ ပေါက်မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက် မနက် ၆ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ်၊ တရော်ကိုင်း ပျူစောထီးကျေး ရွာကနေ ရိက္ခာရှာရန်ထွက်လာတဲ့ ပျူစောထီး ၃ ဦးကို တရော်ကိုင်းကျေးရွာ အနောက်ဖက်တနေရာ မှာ ပေါက်မြို့နယ် ဇုံ – ၁၀ ပကဖ၊ ပလဖ ထီးလင်း PDF အဖွဲ့တွေ ပူးပေါင်း ဖမ်းဆီးခဲ့ရာ ဇေယျာဦး ခေါ် ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ကျန် ၂ ဦး မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီအချိန်ကလည်း ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာက ပျူစောထီး ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါ တယ်။
နိုဝင်ဘာလ ၂၁ ရက် ည ၁၂ နာရီအချိန် ပေါက်မြို့အနီးတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်မြို့နယ် ၊ ဇီးဖြူကုန်း ကျေးရွာ အနီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ထိခိုက်မှုမရှိကြောင်း၊ အလားတူ ည ၁၂ နာရီ ၃၀ မိနစ်အချိန် ထပ်မံ ပစ်ခတ်ခဲ့ရာ ခွေးအတွင်းကျေးရွာအနီး ၁ လုံးနှင့် ခွေးအတွင်းကျေးရွာအတွင်း ၁ လုံး ကျ ရောက် ပေါက်ကွဲခဲ့ပြီး အမျိုုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲမရှိပဲနဲ့ ပစ်တာ၊ ၂၁ ရက် ၁၂ နာရီကျော်ကျော်လောက်ကနေ စပစ်တာ၊ ပစ်တာက ၇ လုံးပစ် တာ၊ တစ်လုံးက မကွဲဘူး။ ခွေးအတွင်းရွာမှာက ပြည်သူ ၂ ယောက်ထိတယ်၊ မစိုးရိမ်ရဘူး။ မြေခြား မှာ ထိတာလည်း မစိုးရိမ်ရဘူး။ ဒီနောက်ပိုင်းတော့ ပစ်တာမရှိဘူး။ တိုက်ပွဲလည်းမရှိပါဘူး” ဟု ပေါက်တောင်ပိုင်းကပဖမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထို့အပြင် နိုဝင်ဘာလ ၂၁ ရက် ည ၁ နာရီ အချိန်မှာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြေခြားကျေး ရွာအနီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန် လက်နက်ကြီး ၁ လုံးက ပေါက်ကွဲခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
နိုဝင်ဘာလ၂၁ ရက် မနက် ၁ နာရီ ၄၀ မိနစ်အချိန်မှာလည်း ပေါက်မြို့နယ် ကပစ ၂၄ တပ်ကနေ ၈၁ မမ လက် နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့ရာ ပလောင်းကျေးရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ခဲ့ပေမယ့် ပြည်သူလူထု ထ ခိုက်မှု မရှိဘူးလို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
D Day News