Magway News

0 0
Read Time:2 Minute, 43 Second

ထီးလင်းမြို့မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

D Day News

နိုဝင်ဘာလ ၂၁

 

မကွေးတိုင်း၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိ ခိုက်သေဆုံးမှုရှိကြောင်း Yaw RRevolution Army – ထီးလင်း တပ်ဖွဲ့ ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၈ ရက်နေ့က အင်အား ၉၀ ခန့်ဖြင့် ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ် ကြောင်းကို ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နံနက်ပိုင်းက ကျားခဲကျေးရွာတောင်ဘက် ပတ်ဝန်းကျင် နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ခန့်ကျဲ၍ မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နံနက်ပိုင်း အထိ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အတည်ပြုနိုင်ရန်စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက နားနားပြီးဖြစ်ကြတာ၊ ဒီနေ့မနက်အထိပဲ၊ စခစစ်ကြောင်းပြန်ဆုတ်သွားမှ ရပ်သွားတာ၊ ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ အတည်ပြုမရသေးတာပါ။ အထက်အမိန့်တစ်ခုခုကြောင့် ထွက် လာတာလို့တော့ယူဆရတယ်၊ ရိက္ခာရှာထွက်တာမျိုးတော့ မဟုတ်ဘူး။ မနေ့က လေကြောင်းပစ်ကူ ပါရောက်လာပါတယ်” ဟု Yaw RRevolution Army – ထီးလင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ယင်းတိုက်ပွဲအတွင်း တိုက်ပွဲပြင်းထန်နေချိန် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် မုံရွာမြို့ နမခမှ တက်လာသော Mi 25 ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့် ကြာသည်အထိ ပစ်ကူပေးတိုက်ခိုက်ခဲ့သော် လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ယနေ့ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ထီးလင်း မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ – YRA ထီးလင်း ရဲ ဘော်များ Fixed Wing Drone များလည်းကောင်း၊ ယောတပ်တော် (YA) မြေပြင်စစ်ကြောင်းနှင့် YRA ပူးပေါင်း၍ မြေပြင်မှလည်းကောင်း ဟန်ချက်ညီညီ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *