Kachin State News

0 0
Read Time:2 Minute, 14 Second

တရုတ် -မြန်မာနယ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

 

D Day News

နိုဝင်ဘာလ ၂၀

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို KIA တပ်ဖွဲ့ က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ ဒေသသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ဇခုန်တိန့် ယိန်း ဦးဆောင်တဲ့ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တည်မြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ၊

 

တနေ့ခင်းလုံးလိုလို တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးတော့ မြို့ထဲမှာရှိတဲ့ စစ်သားတွေဟာ တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးသူ ပြေး၊ အရပ်ဝတ်နဲ့ စစ်ဘေးရှောင်တွေထဲမှာ ပုန်းရှောင်သူ ပုန်းရှောင်သွားကြတဲ့ အတွက် ဒီညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီနေ့မနက် ၉ နာရီခွဲက စတိုက်တာ၊ ညနေ ၅ နာရီအချိန်မှာ ကန်ပိုက်တည်မြို့နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သိမ်းပိုက်ရရှိထားပါတယ်” ဟု ဒေသ သတင်းရင်း မြစ်ကလည်း အတည်ပြုပြောပါတယ်။

 

တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို မီးရှို့ရှင်းလင်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ကန်ပိုက်တည်မြို့ဟာ စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ အတွင်း နောက်ဆုံး ကျန်ရှိနေ တဲ့ မြို့ဖြစ်ပြီး  အခုအခါမှာတော့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကချင်အထူးဒေသ ၁ တစ် ခုလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

Photo – ယနေ့ ကန်ပိုက်တည်မြို့ထဲတွင် ပစ်ခတ်မှုများဖြစ်ပွားနေစဉ်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *