KNU News

0 0
Read Time:1 Minute, 28 Second

ဖာပွန်ခရိုင်အတွင်း၌ နိုဝင်ဘာလဝက် အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်း မှူးအပါအဝင် စစ်သား ၇၇ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၉

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း၌ နိုဝင်ဘာလဝက်အတွင်း အတိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့အပါအဝင် ၇၇ ဦးသေဆုံးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်နှင့် အ ကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲစုစုပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦးတို့အပါအဝင် စစ် သား ၇၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA အမှတ် ၅ တပ်မဟာ နှင့်ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှလည်း ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အမှတ် ၅ တပ်မဟာ လက်အောက်ခံ တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီတပ်၏ မော်တော်ယာဥ် တစ်စီးကို လည်း ဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *