ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင် သွားနေသော ခရီးသည်တင်ကားကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှု ဘုန်းကြီးတစ်းပါးနှင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းပေါ်တွင် သွားလာနေသောခရီးသည် တင် ကားများကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါး နှင့် ပြည်သူ ၃ ဦးသေဆုံး ပြီး ၁၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်တွင် သွားလာနေသော ကားများကို ဇီးကုန်းသကြားစက်၌ အထိုင်ချထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ၈၁ မမ ဗုံးသီး ၃ လုံး နံနက် ၈ နာရီ မိနစ် ၂၀ အချိန်တွင် ဗုံးသီး ၂ လုံး ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ ငွေတိုးမန်း ခရီးသည်တင်ကားဘေး တည့်တည့် ကျ ရောက် ပေါက်ကွဲပြီး ကားပေါ်လိုက်ပါလာသည့် ဘုန်းကြီးတစ်ပါး၊ အမျိုးသား၂ ဦး၊အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦးထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့အပြင်ကားပေါ်ပါ ခရီးသွားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ထိခိုက်သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ ၃ ဦးမှာ ခရီးသွားပြည်သူများ ဖြစ်ပြီး အမည် နှင့် နေရပ်လိပ်စာများဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်သား၊ ပျူများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင် နေ အိမ်များအား စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ်ခြင်း၊ ရွာများအားပစ်မှတ်ထားပြီး Drone ဗုံးသီးချခြင်း၊ ပျူသင်တန်းတက်ရန် ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၂ ပတ်ကျော်ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ (၁၃၀) ခန့်ရှိပြီး ယနေ့အထိ ပြန်လည်လွတ်မြောက် လာခြင်းမရှိသေးကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊အလယ်ခုံရွာ၊ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ JF ဖြင့် နှစ် ရက်ဆက်တိုက်အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်ဆီးပြီး၊လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ ကားဝပ်ရှော့မှ ကားပေါက်စ ၇ စီး၊ ကင်ဒါ ကား တစ်စီး၊ ဆိုင်ကယ်တစ်စီး၊ နွားတစ်ကောင်သေကာ တစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ခပေါင်းရုံရွာနေ ဦးမောင်နိုင် ဗုံးစထိမှန်၍ အသက်သေဆုံးခဲ့ကြောင်းသိရသည်။
D Day News