ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်သား ၂၅ ဦးဖမ်းမိပြီး လက်နက် အလက် ၂၀ ကျော်နှင့် ခဲယ်းများ သိမ်းဆည်း ရရှိ
D Day News
နိုဝင်ဘာလ ၁၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦး ဖမ်းမိပြီး လက်နက် အလက် ၂၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRA က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ရာ စစ်ဆင် ရေး စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ် ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို စစ်ကောင်စီ လက်အောက်ခံ နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေ တပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူ အခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်း စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဦး ကျဆုံးခဲ့ပြီး BNRA မှ ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှ ပြင် ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ် တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဘက်မှ သုံ့ပန်း (၂၅) ဦးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီးအများစုမှာ ဘန်ကာအတွင်း လက်ပစ်ဗုံး ပစ်သွင်း တိုက် ခိုက်ခံထားရသည့် ဒဏ်ရာများကြောင့် ဆေးကုသပေးထားကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်သားများအသုံးပြုသော MA1 (၅) လက် ၊ MA2 (၂) လက်၊ MA3 (၄) လက်၊ MA4 ထောက်တွဲ (၁) လက်၊ G3(၆) လက်၊ G4(၂) လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည် ဘောက် (၂၉ )ဘောက် တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာ ညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ လက်သံပြောင်သော ဗိုလ်အောင် မောင်း၏ Southern Yesagyo (SYSO) တို့ စနစ်တကျလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင် စစ် ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ချင်းညီနောင်စစ်ဆင်ရေးတွင်လည်း အညာညီနောင်နှစ်ဖော်ဖြစ်သည့် BNRA & GZA တို့အနေဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည် များကို အချိန်နှင့်တပြေးညီ တက်တက်ကြွကြွ ပူးပေါင်းကူညီဆောင်ရွက်ပေးပါသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း ဗမာအမျိုးသားတော်လှန် ရေးတပ်မတော် (BNRA) ကထုတ်ပြန်ထားသည်။
D Day News