Magway News

0 0
Read Time:1 Minute, 45 Second

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၁၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ၄၀ မမ လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃၀ မိနစ်ခန့်အကြာဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၁ နာရီလောက်ကပါ၊ အဆောက်အဦထဲကို ၄၀ မမနဲ့ ပစ်ထည့်တာ၊ သူတို့ရှိတဲ့ အဆောက်အအုံထဲ ကို ကျပြီး စခ ၂ ဦသေတယ်၊ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်၊ ဘယ်လောက် ဒဏ် ရာရတယ်ဆိုတာ မသိရဘူး၊ ပြည်သူတွေအနေနဲ့ စခတွေရှိတဲ့နေရာ အနီးတဝိုက်မှာ မနေကြဖို့ ပြော ချင်ပါတယ်” ဟု Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို PAKOKKU PEOPLE DEFENSE FORCE (PPDF) ၊ YOUNG FORCE (UG) နှင့် BURMA REVOLUTION RANGERS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *