Bago News

0 0
Read Time:1 Minute, 56 Second

ဖြူးမြို့နယ်တွင် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး ၁ ဦး အပြင်းအထန် ဒဏ်ရာရ

 

D Day News

နိုဝင်ဘာလ ၁၆

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီအချိန်တွင် ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာကို အကြမ်းဖက် စစ် ကောင်စီတပ် ခလရ (၄၃၉) မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ‌ဒရုန်းဖြင့် (၃)ကြိမ်ခန့် ဗုံးသီးချတိုက်ခိုက် ခဲ့ရာ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ကလည်း ဖြူးမြို့နယ်၊ မြက်နီကွင်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီး (၃)လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့ရပြီး (၁) ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်ရေးအရရှုံးနိမ့်ကာ နယ်မြေစိုးမိုးနိုင်စွမ်း မရှိတော့သဖြင့် အရပ် သားပြည်သူများ နေထိုင်ရာကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှုများကို မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *