ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ်က အိမ်ထောင်စုစာရင်းကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး
D Day News
နိုဝင်ဘာလ ၁၅
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ် အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။
နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီအချိန်ခန့်က ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်သည့် စက်လှေအကြီးတစ်စီးဖြင့် လက်နက်ကြီး ၂ လက်၊ အခြား လက်နက်ခဲယမ်းပစ္စည်းများ တင်ဆောင်ကာ မာရေးကျေးရွာ ရဲစခန်းသို့ အင်အားဖြင့်တင်းခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ် သား၊ ရဲ၊ ကျေးရွာအုပ်ချုပ်ရေးများ ပူးပေါင်းပြီး အိမ်ထောင်စုရင်းများ လိုက်ကောက်ခဲ့ကြောင်း သိရ သည်။
“ရဲစခန်းကို လက်နက်ခဲယမ်းတွေဖြည့်တယ်၊ ပြီးတော့ ရဲစခန်းကိုကာဘို့ငါးပိုက်တွေလည်း ထားခဲ့ တယ်။ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်မှာစိုးလို့ ငါးပိုက်တွေနဲ့ ကာမလို့တဲ့။ ရွာထဲမှာ အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်မှတ်တမ်းဓာတ်ပုံတွေရိုက်ယူသွားတယ်၊ ပြီးမှ မာရမ်းရွာသား တစ်ဦးရယ်၊ ဆိတ်ဖူးရွာသားတစ်ဦးကို မျက်နှာစည်းခေါ်ပြီး ကော့သောင်းကိုပြန်သွားတာ” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ အိမ်ထောင်စုရင်းများ လိုက်လံကောက်ယူပြီးနောက် မွန်းတည့် ၁၂ နာရီအချိန်တွင် မာရမ်း ကျေးရွာသားတစ်ဦးနှင့် ဆိတ်ဖူးကျေးရွာသားတစ်ဦးတို့ကို မျက်နှာအဝတ်စည်းပိတ်ကာ ခေါ်ဆောင် ပြီး ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
D Day News