တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေ၌ အောက်တိုဘာလ အတွင်း စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ် အပါ အ ဝင် စစ်ဆင်ရေး ၁၅၄ ကြိမ်ဆင်နွှဲမှု စစ်သား ၉၄ ဦးသေဆုံးပြီး ၁၇ ဦးအလံဖြူထောင်အလင်းဝင်
D Day News
နိုဝင်ဘာလ ၁၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အောက် တိုဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်အပါအဝင် စစ်ဆင်ရေး ၁၅၄ ကြိမ်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၉၄ ဦးသေဆုံးပြီး ၁၇ ဦးအလံဖြူထောင် အလင်းဝင် မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စခန်းသိမ်းတိုက်ပွဲပေါင်း ၄ ကြိမ်အပါအဝင် ထိတွေ့ တိုက်ပွဲပေါင်း ၆၈ ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၈ ကြိမ်၊ အကြမ်းဖက်စစ်တပ်စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၅၇ ကြိမ်၊ စစ်ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု ၂၁ ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲ တိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၄ ဦး သေဆုံး၍ ၁၀၈ ဦး ဒဏ်ရာရကာ စခန်းသိမ်း တိုက်ပွဲတခုအတွင်း အလံဖြူပြအလင်းဝင်လာသူ ၁၇ ဦးရှိခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ စခန်းသိမ်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား သေ ဆုံးသူ၊ ထွက်ပြေးသူ များပြားပြီး လက်နက် ခဲယမ်းများကိုလည်း သိမ်းဆည်း ရရှိခဲ့ကာ ၎င်းစခန်းများ အား တော်လှန်ရေးပူးပေါင်းအဖွဲ့က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်၍ ဝင်ရောက်တပ်စွဲ နေရာယူ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၈ လက်၊ လက်နက်ငယ် ၃၉ လက်နှင့် ခဲ ယမ်းများ၊ လက်ပစ်ဗုံးများ၊ နင်းမိုင်းနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်း ဘက်ကလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာ မိတ် တပ်ဖွဲ့ဝင် ၁၃ ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး စုစုပေါင်း ၆၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ KNLA,KNDO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်း ပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ဗုံးသီးများ ကျဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်း နှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အောက်တိုဘာလအတွင်း အ ပြစ်မဲ့ပြည်သူ ၈ ဦး သေဆုံးပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂၂၉ ဦး မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးဦးရေမှာ အထက်ပါအချက်အလက်ထက် များပြားနိုင်ကြောင်း တောင်းပိုင်းစစ်ဒေသ၊ ပြန်ကြားရေးဌာနက အသိပေးထားသည်။
D Day News