စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံရှိ စစ်တပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦး ခန့်သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၁၅
မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆုပ်လေဦး လမ်းဆုံအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းစခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်း ရမိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။
ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အနီး ဆုပ်လေဦးလမ်း ဆုံရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက် အကြမ်း ဖက်စစ်သားများ လက်နက်စွန့်ထွက်ပြေးသူနှင့် အလံဖြူထောင် ထွက်ပြေး သူ များ လည်းရှိကြောင်း၊ ယင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေ ဆုံးကာ သေနတ် ၃ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ထွက်ပြေးတဲ့သူတွေက ထွက်ပြေးတယ်။ အလံဖြူထောင်တဲ့ သူတွေကလည်းအလံဖြူ ထောင်တယ်။ ဖမ်းမိသူတွေတော့ မရှိဘူး။ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာက အလောင်း ၁ လောင်း တွေ့ခဲ့ရတယ်။ မျက်မြင် ပြည်သူတွေ ပြောတာကျတော့ ၉ လောင်း ၊ ၁၀ လောင်း ရှိတယ်လို့ ပြော တယ်”ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြာသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဦးဆောင်ကာ မင်းဘူးခရိုင် အမှတ် ၅ တပ် ရင်း၊ မိုးကြိုးပျောက်ကြားတပ်ဖွဲ့ ဒေါင်းစစ်အောင်(LPDF)တို့နှင့်အတူ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
D Day News