Yangon News

0 0
Read Time:1 Minute, 52 Second

ရန်ကင်းမြို့နယ်ရှိ အနုပညာရှင်အမည်ခံ အကြမ်းဖက်စစ်တပ်အားပေးသူ ရန်အောင်၏ နေအိမ်ကို ဗုံးခွဲ သတိပေးခဲ့ဟုဆို

 

D Day News

နိုဝင်ဘာလ ၁၄

 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော် ၊ မြရတနာလမ်းရှိ အနုပညာရှင်အမည်ခံ အကြမ်းဖက် စစ်တပ်ထောက်ခံအားပေးသူ ရန်အောင်၏ နေအိမ်ကို ဗုံးခွဲ သတိပေးခဲ့ကြောင်း Dark Shadow အဖွဲ့ က ထုတ်ပြန်သည်။

 

ယနေ့ နိုဝင်ဘာလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့နယ် ၊ ဘောက်ထော် မြရတ နာလမ်းနေ အကြမ်းဖက်စစ်ကောင်စီထောက်ခံအားပေးသူ အနုပညာရှင်အမည်ခံ ရန်အောင်၏ နေအိမ်ကို Dark Shadow တပ်ဖွဲ့မှ ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ ကြောင်း သိရသည်။

ရန်အောင်သည် ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော စစ်ကောင်စီ မိစ္ဆာများကို ထောက်ခံ အားပေးနေသည့် အနုပညာရှင်ဖြစ်သည်ကို သတင်းနှင့် Social Media များပေါ်တွင်ထင်ရှားစွာ မြင်တွေ့လာရသောကြောင့် ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ပြင်းအားပျော့မိုင်း အသုံးပြု၍ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထိုနည်းတူစွာ ကျန်ရှိနေသာ အကြမ်းဖက်စစ်တပ်ထောက်ခံအားပေးသည့် အနုပညာရှင်များကိုလည်း သတိပေးလိုက်ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်းစစ်ကောင်စီ နှင့် ပတ်သတ်သော နေရာ များ၊ စစ်သား၊  ရဲ ၊ ပျူများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *