ပုလဲမြို့သိမ်းတိုက်ပွဲ အခြေအနေတည်ငြိမ်မှုမရှိသေး၊ AA ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းမှား ဖြန့်ချိနေ၊ ပြည်သူ ၁ သောင်းနီးပါး စစ်ဘေးရှောင်နေရ
D Day News
နိုဝင်ဘာလ ၁၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ အခြေအနေ တည်ငြိမ်မှုမရှိသေးပဲ AA ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းမှား မျးဖြန့်ဝေနေမှုက ပြည်သူများကို မလိုလားအပ်သည့် အန္တရယ်အတွင်း ကျရောက်စေနိုင် ကြောင်း ဗမာအမျိုးသားတပ်မတော် – BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေး ဌာနက ရဲဘော် မင်းရန် ဟန်က ပြောကြားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှစ၍ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း များကို ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRA မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်၊ ဗုံးသီး အလုံး ၂၀ ခန့် မြို့ပတ်ဝန်းကျင်ကို ကျဲချခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီ ၂၂ မိနစ် တွင် လည်း ဗုံးသီး ၃ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာ မြို့တွင်းစစ်ဆင်ရေးတစ်ခုလုပ်နေ တာရှိပါတယ်။ အဲဒီအပေါ်မှာ လောလောဆယ် စစ်ရေးငြိမ်သက်မှုမရှိသေးတဲ့အတွက် သတင်းထုတ် ပြန်တာမျိုးမရှိသေးပါဘူး။ သို့ပေမယ့်လည်း ဆိုရှယ်မီဒီယာတွေမှာ မြို့တွင်းစစ်ဆင်ရေးမှာ အာရက္ခ တပ်တော် -AA ရဲ့တပ်ရင်းတစ်ရင်းစာ အကူအညီနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအမှားတွေပေါ့၊ ဒီ သတင်းအမှားတွေကြောင့် ကျနော်တို့ပြည်သူတွေ မလိုလားအပ်တဲ့အန္တရာယ်ကျရောက်သွားနိုင်ပါ တယ်။” ဗမာအမျိုးသားတပ်မတော် – BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေး ဌာနက ရဲဘော် မင်းရန်ဟန် က ပြောကြားသည်။
နိုဝင်ဘာလ ၁၃ ရက် နံနက် ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်တပ် Mi 35 ဖြင့် ပုလဲမြို့ ပေါ်ကို ၁ နာရီခန့်ကြာသည်အထိ လှည်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် လည်း တံ တားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ထပ်မံဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည် သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကြောင့် ပုလဲမြို့ပေါ်မှ အိမ်ထောင်စု ၆၂၄ စု ၊ အလယ်ဘုံရွာမှ အိမ်ထောင်စု ၁၆၂ စု ၊အေး ကုန်းရွာမှ အိမ်ထောင်စု ၁၂၆ စု၊ သာယာကုန်းရွာမှ အိမ်ထောင်စု ၆၄ စု၊ ချောင်းကန်ရွာမှ အိမ်ထောင် စု ၂၅၈ စု ၊ ကံကြီးရွာမှ အိမ်ထောင်စု ၁၀၂ စု၊ ညောင်ကန်ရွာမှ အိမ်ထောင်စု ၇၆ စု၊ ညောင်ကုန်းရွာမှ အိမ်ထောင်စု ၂၈၄ စု၊ မန်ကျီးခွရွာမှ အိမ်ထောင်စု ၉၆ စု၊ ဇောင်ချမ်းကုန်းရွာမှ အိမ်ထောင်စု ၁၀၈ စု ၊ မြကုန်းရွာမှ အိမ်ထောင်စု ၁၂၄ စု ၊ ရိုးရွာမှ အိမ်ထောင်စု ၉၆ စု တို့ တိမ်းရှောင်နေရပြီး စုစုပေါင်း အိမ် ထောင်စု ၂၁၂၀ စုမှ လူဦးရေ ၉၅၃၉ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ပြုလုပ် ရှိပြီး ပုလဲမြို့အနီးအနားမှ ကျေးရွာများ ထပ်မံတိမ်းရှောင်ရနိုင်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူ ဦးရေသည် လည်း ထပ်မံတိုးလာဖွယ်ရှိပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး များ လိုအပ်လျက်ရှိကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ထုတ်ပြန်ထားသည်။
“လောလောဆယ်မြို့တွင်းစစ်ဆင်ရေးက စစ်ရေးအခြေအနေတည်ငြိမ်မှုမရှိသေးပါဘူး။ စစ်ရေး အခြေအနေ တည်ငြိမ်မှုမရှိတဲ့အခါကျရင်တော့ ကျနော်တို့အနေနဲ့ သတင်းထုတ်ပြန်ပါ့မယ်။ ဒါပေ မယ့်လက်ရှိအချိန်မှာ သတင်းအမှားတွေကြောင့် ပြည်သူတွေ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကြုံတွေ့ရမှာစိုးရိမ်တဲ့အတွက် မီဒီယာတွေကို အကူအညီတောင်းခံခြင်းဖြစ်ပါတယ်။” ဟု ဗမာ အမျိုးသားတပ်မတော် – BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေး ဌာနက ရဲဘော် မင်းရန်ဟန်က ပြောဆိုသည်။
D Day News