Mandalay News

0 0
Read Time:2 Minute, 23 Second

တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ် သား၊ ရဲ ၂၂ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၄

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ် တစ်ဦး အပါအဝင် စစ်သား၊ ရဲ ၂၂ ဦးသေဆုံးခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က တောင်သာမြို့နယ် ဇဂျမ်းရဲခစခန်းကို တော် လှန်ရေးပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းဝန်းအတွင်းရှိ တွဲဖက် ဗိုလ်တစ်ဦး အပါ အဝင် အောက်ခြေအဆင့် စစ်သား၊ ရဲ စုစုပေါင်း ၅ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်းသို့ မြင်းခြံမြို့ရှိ သီတာယုမွန်ခေါင်းဆောင်သော စစ်သား၊ ပျူပူးပေါင်းတပ်ဖွဲ့မှ ကား ၄ စီးဖြင့် အင်အား ၅၀ ခန့်စစ်ကူလာခဲ့သဖြင့် မီတာ ၅၀ အကွာမှ ပဒေသာမိုင်း၊ လက်နက်ငယ် များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၂ ဦးနေရာမှာ ပင်ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ထပ်မံ စစ်ကူ လာသော ကားဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း၊ ထိုသို့ သယ် ဆောင်သွားစဉ် လမ်း၌ ၂ ဦးထက်မံသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများအနနက် ဆေးရုံအရောက် ၃ ဦးထပ်မံသေဆုံးသွားပြီး အပြင်းအ ထန်ဒဏ်ရာရရှိသူ ၂ ဦးကိုလည်း မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်ကာ ကုသနေကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသူစုစုပေါင်း ၁၇ ဦးရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေး၊ Burmese Guerrilla Force -MGN (BGF)၊ Anyar Federal Task Force ၊ ညောင်ဦးခရိုင်တပ်ရင်းအမှတ် ၅ ၊ နေပြည်တော် အမှတ် ၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ ၊ ညောင်ဦးမြို့နယ် ပကဖ နှင့် အခြားမဟာမိတ်တပ်ရင်း တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *