Bago News

0 0
Read Time:1 Minute, 38 Second

ဥသျှစ်ပင်မြို့လမ်းဆုံတွင် စစ်တပ်က အသက်မပြည့်ကလေးငယ်များအပါအဝင် ၂၅ ဦးကို စစ်တပ်ထဲ ထည့်ရန် ပေါ်တာဆွဲဖမ်းဆီး

 

D Day News

နိုဝင်ဘာလ ၁၄

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်လမ်းဆုံ၌ စစ်တပ်က အသက် မပြည့် သူ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၅ ဦး ထက်မနည်းကို စစ်တပ်ထဲ ထည့် သွင်းရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်းစစ် ဒေသ ထံမှ သိရ သည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့လမ်းဆုံ၌ ဆိုင်ကယ်များကို စစ်ဆေး သည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ဦး ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူများတွင် အသက်မပြည့်သူများလည်း ပါဝင်ကြောင်း၊ မိသား စုမှ ငွေဖြင့်လိုက်လံထုတ်ယူနေသော်လည်း အများစုမှာ ယခုအချိန်ထိ ပြန်လွတ်မလာသေးကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြို့ရွာအများစုတွင် စစ်မှုထမ်းရန်အတွက် တပ်သားသစ်များ နည်း မျိုးစုံဖြင့် စုဆောင်းလျက်ရှိပြီး မလိုက်ပါလိုသည့် အရပ်သားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်း များကို လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *