စစ်ဆင်ရေး တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိဟု AA ထုတ်ပြန်
D Day News
နိုဝင်ဘာလ ၁၄
အာရက္ခတပ်တော် အနေဖြင့် တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင် ပြည်နယ်တွင် အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားလာခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲ များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တိုက်ပွဲကာလ ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ် ကြောင်း၊ ထိုးစစ်စတင်သည့်ရက်မှ တစ်နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ အကြမ်းဖက်စစ်တပ်၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း သိရသည်။
အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရ သည်။
မောင်တောမြို့တစ်ခုလုံးအား သိမ်းပိုက် ရယူထားနိုင်ပြီဟု ပြော၍ရသော်လည်း မြို့၏အပြင် စပ်၌ရှိ သော နယ်ခြားစောင့် အမှတ် (၅)/နခခ(၅) စခန်း တစ်ခုသာကျန်ရှိနေပြီး အဆိုပါစခန်းအား ဆက် လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည် ဟု ဆိုသည်။
အာရက္ခဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်ကာလအတွင်း မြို့သိမ်းတိုက်ပွဲ မှတ်တမ်းများအဖြစ်-
– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပလက်ဝဒေသတစ်ခုလုံးအား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပေါက်တောမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်တော်မြိုအား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မြေပုံမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မြောက်ဦးမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် မင်းပြားမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၁၁) ရက်နေ့တွင် ရမ်းဗြဲမြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၁၇) ရက်နေ့တွင် ရသေ့တောင်မြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့အား လည်းကောင်း၊
– ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် သံတွဲမြို့အား လည်းကောင်း အသီးသီး သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြို့များတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် အာရက္ခပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင် ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မပြီးပြတ်သေးသော ထိုးစစ်များ ကို ဆက်လက် ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောကြောင့် လိုအပ် ချက်များရှိ နေဆဲဖြစ်ပြီး အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာ ရက္ခ ဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ဆက်လက် အကောင် အထည်ဖော်လျက်ရှိပြီး တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲ့အစည်းအချို့မှ သတ္တိ ပြောင်မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော စစ်သည်တော် များနှင့် စစ်ဆင်ရေး ကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေသော ကျန်းမာရေးဝန်ထမ်းများ အပါအဝင် သက်ဆိုင်သော သူများ အားလုံးကို မိမိတိုအဖွဲအစည်းမှ အလေးအနက်မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ထားသည်။
ထိုအတူ ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ အဖွဲအစည်းနှင့် အားပေး ထောက်ခံကြသော ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူး တင်ထိုက်သော သူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိပါကြောင်း အသိပေး ထားသည်။
D Day News