အမ်းမြို့ရှိ ခမရ ၃၇၃ ၊ အမတ ၃၇၄ ၊ လလစ ၇၅၇၊ စနခ ၃၄၅ ၊ တစသ ၈ ၊ တဆရ ၂/၃၀၀ ၊ လကရ၊ စရဖ တပ်တို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီး နပခ အပါအဝင် စစ်တပ်စခန်းများကို ဆက်လက် တိုက် ခိုက်နေဟု AA ထုတ်ပြန်
D Day News
နိုဝင်ဘာလ ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ခမရ ၃၇၃ ၊ အမတ ၃၇၄ ၊ လလစ ၇၅၇၊ စနခ ၃၄၅ ၊ တစသ ၈ ၊ တဆရ ၂/၃၀၀ ၊ လကရ၊ စရဖ တပ်တို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီး နပခ အပါအဝင် စစ်တပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်သည်။
အမ်းမြိုနယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်း များထဲမှ –
၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း
၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း
၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ
၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တိုအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
အလားတူကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် –
(၁) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
(၂) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၃) ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၄) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၅) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၆) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ
(၇) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၈) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၉) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၁၀) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိကြောင်း အသိပေးထားသည်။
ထို့အတူ သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
D Day News