Tanintharyi News

0 0
Read Time:3 Minute, 18 Second

ခမောက်ကြီးမြို့နယ်တွင် ခြေလျင်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၃

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးတွင် အကြမ်း ဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာဘက်သို့ ဦးတည် ၍ အင်အား ၈၀ ကျော်ဖြင့် ခြေလျင် စစ်ကြောင်းထိုး လာသော ခမောက်ကြီးတပ်နယ်မှ စစ်သားများ ကို အောင်ချမ်းသာကျေးရွာအနီးအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိကာ ကားဖြင့် ခမောက်ကြီးတပ်နယ်သို့ ချက်ချင်းသယ်ဆောင်သွားကြောင်း သိရသည်။

“မိုင်းဆွဲတဲ့နေ့မှာပဲ အောင်ချမ်းသာရွာလမ်းဆုံမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတွေ လုပ်တယ်၊ အဲဒီညက အောင်ချမ်းသာရွာမှာ ညအိပ်တယ်၊ နောက်နေ့ ဆိပ်ဖူးရွာကို ဆက်လက်စစ် ကြောင်းထိုးပါတယ်၊ ဆိပ်ဖူးရွာရောက်တော့ ရွာထဲက ယောက်ျားလေးတွေကို စစ်ဆေးတာတွေ လုပ် တယ်၊ ရွာသားတစ်ယောက်ကို ဖမ်းဆီး‌ခေါ်ဆောင်သွားပြီးတော့ အဲဒီလူရဲ့ကားပါ သိမ်းသွားတယ်လို့ သိရပါတယ်၊ ဆိပ်ဖူးရွာကနေတဆင့် မာရမ်းကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးပါတယ်။ အခု တော့ မာရမ်းကျေးရွာအနီးတဝိုက်မှာ စစ်ဆေးတာတွေဆက်လုပ်နေပါတယ်” ဟု ကော့သောင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ၁၁၁၁ အထိမ်း အမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်၌ ကျန်ရှိနေသော စစ်သားများ၊ ရဲများ၊ ထောက်တိုင်များ အနေဖြင့် ပြည်သူဘက်သို့ ရပ်တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်နှင့် ပြည်သူ့ဘက် ရပ်တည်ခြင်း မရှိသော စစ်ကောင်စီနှင့်အပေါင်းအပါများကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်အဟုန် မြှင့်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

 

ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်ပါသဖြင့် ဒေသနေ မိဘပြည်သူ များ အနေဖြင့် တော်လှန်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်များကို အထူး ဂရုပြု လိုက်နာ၍ စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြရန် ဆက်လက်တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *