မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်တပ်တပ်စွဲထားသော ဝန်ထမ်းအိမ်ယာကို ဝင် ရောက်တိုက်ခိုက်မှု ဗိုလ်အဆင့်ရှိသူ ၂ ဦးပွဲချင်းပြီးသေဆုံး
D Day News
နိုဝင်ဘာလ ၁၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းရှိ စစ်တပ်တပ်စွဲထားသော ဝန်ထမ်းအိမ်ယာ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း Dog Killers People’s Defence Force Myinmu ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်မှ စတင်ပြီး မြင်းမူမြို့ အရှေ့ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက်စစ်သား ၂၀ ခန့်တပ်စွဲထားသော ဝန်ထမ်းအိမ်ရာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းပြီး လက်နက် ကြီး လက်နက်ငယ်များ ဖြင့် ဝင်ရောက် ပစ်ခက် တိုက်ခိုက်ခဲ့ ရာ ဗိုလ်အဆင့်ရှိသူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။
“စကပ်တာတော့ ၄ နာရီခွဲဝန်းကျင်လောက်စကပ်ခဲ့တာပေါ့၊ ပစ်ခတ်ချိန်ကတော့ ၅ နာရီလောက် ကနေ စပစ်တာ၊ သူတို့က ဝန်ထမ်းအိမ်ယာအဆောက်အဦဆိုတော့ ၄ ထပ်ဆောင်အပေါ်ဆုံးထပ်မှာ နေတာ၊ ကျနော်တို့က မြေပြင်ကနေ တိုက်ရတာ၊ သူတို့ကအပေါ်စီးကနေ ပစ်တာ၊ မြင်းမူမြို့ထဲမှာ ရှိတဲ့ အထက ၁ ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်၊ နေရာကလည်း သိပ်မဝေး ဘူး။ ဗိုလ်အဆင့်ရှိသူ ၂ ဦးသေတာ၊ ပစ်ခတ်နေစဉ်အတွင်းမှာပဲ သူတို့ဘက် ငိုသံတွေလည်းကြားရ တယ်။ ဝင်စီးဖို့ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျည်လဲမရှိလို့ ပြန်ဆုတ်လာခဲ့ရတာ။” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း မြင်းမူမြို့လယ်ခေါင်ရှိ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများက လက်နက်ကြီး ပစ်ကူပေးခဲ့သည့်အပြင် သံပြားကာ ကားများဖြင့်လည်း စစ်ကူများ ရောက်ရှိလာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊ Moe Nyo Revolution Force (M.N.R.F.) ၊ ဇေယျာရွှေမြေ ၊ အနောက်ခြမ်း ပ.က.ဖ စသည့် ညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အခုလိုဝင်တိုက်နိုင်ဖို့က ကျနော်တို့ ရတဲ့အလှူငွေလေးနဲ့ ကျည်ဖြည့်တယ်၊ ရတဲ့ကျည်လေးနဲ့ သွား တိုက်လိုက်၊ ကျည်ပြန်စုလိုက်နဲ့လုပ်နေရတာ၊ ဒီကောင်တွေက ကျနော်တို့ကို စိန်ခေါ်တယ်၊ မင်းတို့ PDF တွေ ငကြောက်တွေ၊ မင်းတို့ PDF တွေ ငါတို့ဘာမှ မလုပ်ပါဘူးဆိုပြီး စိန်ခေါ်တယ်။ ဟိုရပ်ကွက် ဝင်ဆွဲလိုက်၊ ဒီရပ်ကွက်ဝင်ဆွဲလိုက်၊ ကလေးတွေကို ရိုက်နှက်လိုက်နဲ့ လုပ်ပြနေတာ၊ ကျနော်တို့က လက်ပိုက်ကြည့်နေတာမဟုတ်ဘူး။ သူတို့ကို လုပ်ချင်တဲ့စိတ်ကရှိတယ်၊ လက်နက်ကလည်း လုံလုံ လောက်လောက်မရှိတာရယ်၊ ကျည်ဆံကလည်း လုံလုံလောက်လောက်မရှိတာရယ်ကြောင့် ငြိမ်နေ လိုက်ရတာရှိတယ်၊ ကျည်ဆံလုံလုံလောက်လောက်သာရှိရင်တော့ ပွဲများများကပြီး မြန်မြန်ပြီးနိုင်တာ ပေါ့၊ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ ကျည်ဆံဖိုးလေး ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။
D Day News