မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာကြားရှိ ပြည်သူပိုင်ကြက်ခြံကို စစ်တပ် လေကြောင်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်၍ ကြက်အများ အပြားသေဆုံး
D Day News
နိုဝင်ဘာလ ၁၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာကြားရှိ ပြည်သူပိုင် ကြက်ခြံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်ကာ ကြက်များစွာသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရ သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၆ မိနစ်အချိန်က မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေး နှင့်တွင်းကြီးကျေးရွာကြားရှိ ပြည်သူပိုင်ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကျဲချပြီး ရော့ကတ်လက်နက်ဖြင့် ၃ ကြိမ်လှည့်ပတ်ပစ်ခတ် သွား ရာ ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်သွားသဖြင့် ကြက်များစွာသေဆုံးခဲ့ကြောင်း သိရသည်။
“ပထမတစ်ခေါက်က ပေါင်ဗုံးသီး ၂ လုံးချတာ၊ ပြီးတော့ ရော့ကတ်နဲ့ ၃ ခေါက်ပစ်တယ်၊ ဒုတိယတစ် ခေါက်ကလည်း ပေါင်ဗုံးသီးပဲ၊ ကြက်ခြံမီးလောင်သွားတာ၊ ကြက်တွေအများကြီးသေတယ်။ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရတယ်၊ သေတဲ့သူတော့မရှိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။
D Day News