Mandalay News

0 0
Read Time:2 Minute, 28 Second

သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက် ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ

 

D Day News

နိုဝင်ဘာလ ၁၃

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၇ ရက် နံနက် ၇ နာရီအချိန်က သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အကြမ်းဖက်စစ် တပ်စခန်းကို TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့မှ စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၊ မိုးမိတ်- တွင်းငယ် လမ်းတခုလုံးကို TNLA/ PLA နှင့် အခြားမဟာမိတ်များ ထိမ်းချုပ်ထားပြီး မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ခလရ ၁၄၈ ၊ ဖော့တောလမ်းဆုံ စစ်တပ်စခန်း များကို TNLA ၊ PLA နှင့် အခြားတပ်ပေါင်းစုများ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။

 

“သပိတ်ကျင်းထဲမှာ သိမ်းပိုက်ဖို့ကျန်တာက တတက ၁၃ ရယ်၊ ၇ မိုင်ကျောက်ကြီးရယ်၊ အဲဒါတွေပဲ ကျန်တာ၊ ၁၃ တပ်ကိုတော့ PLA ရယ်၊ TNLA ရယ်တိုက်နေတာ၊ MDY ကတော့ ၇ မိုင်ကျောက်ကြီး တပ်ကို က PLA ရယ်၊ TNLA ရယ်၊ MDY ရယ်ပေါင်းတိုက်နေတာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

 

အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း – တတက ၁၃ ကို ဝိုင်းရံ ပိတ်ဆို့ထား သည် မှာလဲ ၃ လနီးပါး ရှိနေပြီဖြစ်ကြောင်း၊ အလားတူ သပိတ်ကျင်းမြို့နယ် ၇ မိုင်နှင့် ကျောက်ကြီး ကို လည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် PLA သည် မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *