Magway News

0 0
Read Time:2 Minute, 10 Second

ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးကို စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

 

D Day News

နိုဝင်ဘာလ ၁၃

 

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများပျက်စီးခဲ့ကြောင်း ယောအလင်း တန်းထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်အချိ အကြမ်းဖက်စစ်ကောင်စီ၏ မကွေး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆောမြို့နယ်၊ ကံ ချောင်းကျေးရွာအနီးကို ရော့ကတ် ၁၅ လုံးထက်မနည်းနှင့် 38mm အေဂန်းဖြင့် အချက် ၂၀ ချက် ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှလည်းမရှိဘူး။ လေယာဉ်နဲ့ ၂ ကြိမ်လာပစ်သွားတာ၊ နေအိမ်တွေ၊ လူတွေတော့ ထိခိုက် မှုမရှိပါဘူး။ စပါးခင်းတွေပဲ ပျက်စီးသွားတာပါ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနှင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ သော်လည်း စပါးခင်းများ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုမီ Y-8 Military Transport လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ကြောင်း သိရသည်။

 

ယခုရက်ပိုင်းအတွင်း ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်တွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် မိဘ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ပေးကြပါရန် ယောအလင်းတန်းက တိုက်တွန်းနှိုးဆောင်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *