ဟားခါးမြို့နယ်တွင် ၄ လတာတိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစ်စီး အပြီးပိုင်းပျက်စီး၊ ရဲ၊ စစ်သား၊ စစ်မှုထမ်းစုစုပေါင်း ၁၇ ကျော်အလင်းဝင်
D Day News
နိုဝင်ဘာလ ၁၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၄ လတာ ကာလ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၅၃ ဦး သေဆုံးခဲ့ပြီး ရဟတ်ယာဉ်တစ်စီး အပြီးပိုင်းပျက်စီးကာ ၊ ရဲ၊ စစ်သားစုစုပေါင်း ၁၇ ကျော် အလင်းဝင် ခဲ့ကြောင်း CDF – Hakha ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်အပါအဝင် ဟားခါး -ထန်တလန်လမ်းများ၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ Mi 17 ရဟတ်ယာဉ် တစ်စီး အမြီးပိုင်းပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ် သား ၅၃ ဦး သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေသော ရဲ ၁၃ ၊ စစ်သား ၄ ဦး စုစုပေါင်းစစ်သား ၁၇ ဦး CDF – Hakha ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့ပြီး စုစုပေါင်း လက်နက် ၄၃ လက် သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
“ရဟတ်ယာဉ်ကိုတော့ ဟားခါးမှာ ပစ်တာ၊ ဟားခါးမှာတော့ ပျက်မကျဘူး၊ ကလေးရောက်တော့ ပျက်သွားတယ်လို့ သတင်းရထားတာ၊ လေးလအတွင်း စစ်ပွဲတွေကအများကြီးပဲ၊ ထန်တလန်မှာ လည်းရှိတယ်၊ ဟားခါး -ထန်တလန်ကြားမှာလည်းရှိတယ်၊ ပြီးတော့လွတ်လပ်ရေးကျောက်တိုင်တို့၊ သင်္ချိုင်းကုန်းတို့ ပြီးတော့ ဟားခါးမြို့ထဲကိုလည်း ဝင်နိုင်သလောက်တော့ဝင်တယ်၊ ချင်းပြည်နယ် အစိုးရရုံးတို့ဘာတို့ပေါ့၊ ကျနော်တို့ဝင်တာတွေအများကြီးပေါ့၊ အခုထိလည်းတိုက်ပွဲတွေက ဖြစ်နေ တုန်း၊ ဖလမ်းလည်းလေယာဉ်နဲ့လာပစ်နေတာတွေရှိတယ်၊ ထန်တလန်မှာလည်းရှိတယ်။ ထန်တလန် လည်းကျနော်တို့ချေမှုန်းနိုင်သလောက်ချေမှုန်းမယ်။ နေရာအစုံမှာဝန်းရံထားတယ်။ ကျနော်တို့ တက်နိုင်သလောက်တော့ တက်ထားတယ်၊ ဟားခါးမြို့အတွင်း စစ်ဆင်ရေးဆင်နွှဲနိုင်အောင်လည်း ကြိုးစားနေတယ်။ ထန်တလန်နဲ့ဟားခါးကြားမှာက အတော်လေးဒုက္ခပေးနေတယ်။ အဲဒီကြားက စခန်း တွေကို အကုန်လုံးချေမှုန်းမယ် ၊ ပြီးမှ ဟားခါးကိုတက်မယ်လို့ ပြင်ဆင်ထားတယ်၊ မကြာခဏ လည်းစစ်ပွဲတွေဖြစ်တယ်” ဟု CDF Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ CDM ပြုလပ်လာသူများမှလည်း လက်နက် ၉ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး ၆၀ မမ၊ MA 15 နှင့် M79 အပါအဝင် လက်နက် ၅၂ လက် ရရှိခဲ့ကြောင်း ၈၂ ရက်တာကာလအတွင်း ဟား ခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကူသွားရောက်မရှိနိုင်ရန် တားဆီးနိုင်ခဲ့ပြီး ထန်တလန်မြို့သိမ်းပိုက်နိုင် ရေး အတွက်လည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“လက်နက်ချတဲ့သူတွေက ပြည်သူ့စစ်တွေက ပိုများတယ်၊ တကယ့်စစ်တပ်ထဲဝင်တဲ့သူတွေတော့မရှိ ဘူး။ ကျနော်တို့ဆီမှာ CDM ဝင်ထားတဲ့သူတွေလည်း အများကြီးရှိတယ်။ ၁၁ ယောက်ကတော့ ပြည် သူ့စစ်တွေပေါ့၊ သူတို့မေးကြည့်တော့ စစ်တပ်ထဲမှာ ဝင်ခိုင်းတုန်း က ဘာမှ မသိပဲ လိုက်သွားတယ်၊ ကျနော်တို့ကို သင်တန်းတက်ခိုင်းတယ်၊ ၃ လလောက်သင်တန်း တက်ပြီးတော့ ဟားခါးရောက် လာ တာ၊ ဟားခါးကိုလည်းမရောက်ဖူးဘူး။ အခုဟားခါးမှာ ၁၀၇ ယောက် ပို့ထားတယ်၊ ဟားခါးကိုလည်း ကျနော်တို့ ကြားတောင်မကြားဘူးဖူး။ သူတို့ ၁၀၇ ယောက် လုံး CDM တော့လုပ်ချင်တယ် လုပ်မယ့် နေရာမသိ လို့တော့ ပြောတယ်။” ဟု CDF – Hakha မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
D Day News