ဇီးကုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၁၃
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း BTZM GBK PDF တပ်ဖွဲ့ထံမှ သိရသည်။
ယမနနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘော်ဘင်ဆည် တမံ ၁ တိုက်ပြာ နှင့် သစ်လုံးဆောင် အကြားကို ရောက်ရှိလာစဉ် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ခွဲက ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရ ရှိကာ ဘော်ဘင်ဆည် တမံ ၂ ဘက်ကို စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခက်၍ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်တပ်ကြောင်းသည် ဘော်ဘင်ရွာတွင် ၂ ပတ်ကြာ အထိုင်ချ တပ်စွဲ ပြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို သတ်ဖြတ် ဖမ်းဆီးခြင်း၊ မိဘမဲ့ ကလေးငယ်များကို ဖမ်းဆီးခြင်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်နေသော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
“ပဒေသာမိုင်း ၃လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင်သေတယ်။ ဒဏ်ရာရတာတွေရှိတယ်။ အဲဒီ စခ စစ်ကြောင်းက ဇီးကုန်မြို့နယ်က စစ်ကြောင်းပါ။ ဘော်ဘင်ဆည်ဘောင် အမှတ် ၁ တိုက်ပြာ လေး သစ်လုံးဆောင် သင်္ခရိုင်ဘက်ကို စစ်ကြောင်းထိုးနေတာ အင်အား ၂၀၀ နီးပါးပါတယ်။ ရိုးမကို အပြတ်ချေမှုန်းမယ်ဆိုပြီး ကြွေးကြော်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ် ဦးက ပြောဆိုသည်။
D Day News