အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကို အသုံး ပြုခဲ့ ၍ သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိသောကြောင့် ပုံပျက်၊ ပန်းပျက်သမိုင်းဆိုးတွင်သွားပြီဟု GSCB ထုတ်ပြန်
D Day News
နိုဝင်ဘာလ ၁၂
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကို အသုံး ပြုခဲ့ ၍ သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိသောကြောင့် ပုံ ပျက်၊ ပန်းပျက်သမိုင်းဆိုးတွင်သွားပြီဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB က ထုတ်ပြန်သည်။
အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လက်နက်အားကိုးဖြင့် အဓမ္မ လုယူ၍ စစ်ရာဇဝတ်မှုမျိုးစုံကိုလည်း ဆက်တိုက် ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်း တစ်ခုသာဖြစ်ပြီး ဘက် ပေါင်းစုံက အားနည်းပြိုကျနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ တစ်ခုဖန်တီး၍ နိုင်ငံရေးအရ ထွက်ပေါက် ရှာနိုင်ရေး အတွက် ရှေ့ပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည်ဟု ဆို သည်။
ထိုကဲ့သို့ အကြမ်းဖက် စစ်အုပ်စုက ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့် ကာလမှာ နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆယ်စုနှစ် ငါးခုအတွင်းတွင် အဆိုးဆုံး ဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေ ဆုံးခဲ့၍ (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့် ပြည်သူ (၁)သန်းကျော် အထိ ထိခိုက် ပျက်စီးနေမှုများ ကြုံနေရသည့် အချိန် ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB က ထောက်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်ကိုသာ ပဓာန ထားကြသော အာဏာ ရှင်များ ဖြစ်ကြသည့် အလျောက် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို မျက်ကွယ်ပြု၍ နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကို အသုံးပြုခဲ့ပြီး ၎င်းတို့၏ လက်အောက်ခံ ပညာ ရေး ဝန်ထမ်း ဆရာ၊ ဆရာမများကို အဓမ္မ စေခိုင်းကာ သန်းခေါင်စာရင်း ကောက်ယူရေးကို အောက် တိုဘာလ (၁)ရက်မှ (၁၅)ရက် အတွင်း ပြီးစီးရန် ကနဦး ဦးစားပေး လုပ်ဆောင်ခဲ့သည်ကို တွေ့ရ ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCBက ထုတ်ပြန်ထားသည်။
ထို့အပြင် အကြမ်းဖက် စစ်အုပ်စုသည် အဓမ္မ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပျူစောထီး၊ ပြည်သူ့ စစ်၊ ရဲ၊ စစ်တပ် စသည့် လုံခြုံရေး အင်အားပေါင်းများစွာကို အသုံးပြု၍ ၎င်းတို့ ထိန်းချုပ်ထား နိုင်သော မြို့ပြများ၌ လက်နက်ကိုင်ဆောင်ကာ အဓမ္မ ကောက်ခံခဲ့ပြီး ကျေးလက် ဒေသများ အချို့ တွင်လည်း လုံခြုံရေးစစ်ကြောင်းများဖြင့် ပြည်သူလူထုကို ခြိမ်းခြောက် သေနတ်ထောက်၍ ဖိအား ပေး ကောက်ယူရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။
သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြသည့် ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမ များသည်လည်း တာဝန်ကျေ အပြသဘော၊ အဖြစ်သဘောသာ ကောက်ယူခဲ့ကြပြီး နိုင်ငံ၏ အရင်း အမြစ်များစွာကို မတရားသဖြင့် အသုံးပြု၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်အားပြ၊ သေနတ် ထောက် အတင်းအကျပ် ကောက်ယူရန် အကြမ်းဖက် စစ်အုပ်စုက ကြိုးစားခဲ့သော်လည်း သန်းခေါင် စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းစဉ် တလျောက်လုံးတွင် ပြည်သူလူထု၏ “ယုံကြည်မှုနှင့် ကြည်ဖြူ စွာ ပူးပေါင်းမှု”ကို လုံးဝ မရရှိခဲ့ဘဲ ၎င်းတို့၏ မူလ ရည်မှန်းရက်ထက် (၁၅) ရက်ထပ်တိုးကာ အောက် တိုဘာလကုန်အထိ ကောက်ယူခဲ့ရခြင်းက သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်ခဲ့သည်ကို အ ကြမ်းဖက် စစ်အုပ်စု ကိုယ်တိုင်က သက်သေပြခဲ့ခြင်း ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိ နှိုင်း ရေး အင်အားစု-GSCB က ပြောဆိုသည်။
အထက်ပါ အခြေအနေများနှင့် ဖြစ်ရပ်များအရ အကြမ်းဖက် စစ်အုပ်စု၏ ပြည်လုံးကျွတ် သန်းခေါင် စာရင်း အဓမ္မ ကောက်ယူခဲ့ခြင်းသည် လုပ်ငန်းစဉ်အရ အနှစ်သာရ မရှိခြင်း၊ ပြည်သူလူထု၏ ယုံကြည် မှု နှင့် ကြည်ဖြူစွာ ပူးပေါင်းမှု မရှိခြင်းနှင့် ရရှိနိုင်မည့် အချက်အလက်များသည်လည်း ခိုင်မာ မှန်ကန် မည် မဟုတ်ခြင်းတို့ကို ထင်ရှားစွာ တွေ့မြင်နိုင်သဖြင့် သမိုင်းတလျှောက်လုံး၌ အဆင့်အတန်းမရှိ သော၊ အားကိုးယုံကြည်ဖွယ်ရာ မရှိသော ပုံပျက်ပန်းပျက် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်း မှု အဖြစ်သာ သမိုင်းဆိုးတွင်ခဲ့ပြီ ဖြစ်သည်ဟု သတ်မှတ်လိုက်ကြောင်း အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု-GSCB က ကြေညာထားသည်။
အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းစဉ် တလျှောက်လုံး တွင် နည်းနာမျိုးစုံဖြင့် ဆန့်ကျင်၍ ပူးပေါင်းမှု မပြုခဲ့ကြသော ပြည်သူလူထုနှင့် တော်လှန်ရေး အင် အားစုများ၏ တော်လှန်ရေးအပေါ် ပါဝင် ပံ့ပိုးပေးမှုများကိုလည်း အလေးအမြတ်ပြုကြောင်း၊ထို့အပြင် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းသည့် ကိစ္စရပ် များကို ဆန့်ကျင် ဖီဆန်ခြင်း အပါအဝင် အာဏာရှင် စနစ်များ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးအတွက် ဦး တည်၍ အရှိန်အဟုန်မြှင့် ပါဝင် တော်လှန်ပေးကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB အလေးအနက် တိုက်တွန်းထားသည်။
D Day News