အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၇ ရှိ စစ်တပ်အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
D Day News
နိုဝင်ဘာလ ၁၂
ထို့အပြင်မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၇ ရှိ အကြမ်းဖက် စစ် တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်က ရန်ကုန်- မန်းလေး အမြန်လမ်းပိုင်း မိုင် တိုင် အမှတ် ၃၁၇ တွင် တပ်စွဲအထိုင်ချထားသည့် အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“အင်အားကတော့ အမြန်လမ်းမပေါ်ဆိုတော့ ပုံမှန်မရှိဘူး။ ခန်းမှန်းတော့ ၄၀ လောက်ရှိနိုင်တယ်။ ပစ်မှတ်ကို ထိ၊ မထိကတေ့ မသိရသေးပါဘူး။ သူတို့ အနားကပ်မရတော့ ဘယ်နေရာထိတယ်ဆိုတာ အတိအကျ မသိရတာပါ” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News