ကျောက်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၂ ဦးထက်မနည်း သေဆုံး၊ စစ်လေ ယာဉ်က စစ်တပ်ကို ဗုံးပြန်ကျဲသဖြင့် မြေပြင်စစ်ကောင်စီတပ်က ပွိုင့်ဖိုက်ဖြင့် လေယာဉ်ကို ပြန်လည်ပစ်ခတ်
D Day News
နိုဝင်ဘာလ ၁၂
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး စစ်တပ် လေယာဉ်က မြေပြင်ရှိ အကြမ်းဖက်စစ်သားများအပေါ် ဗုံးပြန်ကြဲချသဖြင့် မြေပြင်မှ စစ်သားများကလည်း လေယာဉ်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးထံမှ သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့သို့ နောက်တန်းပြန်ဆုတ်လာသော အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်း ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းသည် ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက်ကြီးအခြေစိုက် တပ်များ စုပေါင်းထားခြင်းဖြစ်ကြောင်း၊ တော်လှန် ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြာင့် စစ် သား ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
“ကျောက်ကြီး မူသယ် စစ်အခြေစိုက်စခန်းတွေကနေ နောက်တန်းပြန်ဝင်မယ့်တပ်တွေပါ။ ရက်အ လိုက် ကြည့်လို့ရပါတယ်။ စုစုပေါင်း၅၀ကျော်မှာ သေဆုံး ၃၀လောက်ပါပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့ သေဆုံး ထိခိုက်များခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန် မန် ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်အထိ ကျောက်ကြီးမြို့နယ် ကျွန်းကုန်းရွာ ထိပ်တွင် စစ်အင်အားရာကျော်ပါသော စစ်တပ်စစ် ကြောင်းနှင့် ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒို တပ်ခွဲ ၂ တို့အကြား ထိတွေ့မှုစတင်ဖြစ်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးကာ စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နံနက် ၁၀နာရီကျော်အချိန် KNLAနှင့်အတူ တိုက်ပွဲဖြစ်ခဲ့သည့်နေရာများကို တက်ရောက်ရှင်းလင်းခဲ့ ရာ MA3 အမျိုးအစား သေနတ် တစ်လက်အပါဝင် ခဲယမ်းတချို့နှင့် ခြင်းကြား ၇ လုံး စစ်အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာဘက်မှ အင်အားအလုံးအရင်းဖြင့် ရွာကြီးအင်းရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ် ကြောင်း ၃ ခုခွဲပြီး ထိုးဖောက်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရိုးမ ၂ ကွန် မန်ဒိုအဖွဲ့နှင့် KNLAပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက် ပွဲမှာ ညနေ ၄ နာရီခန့်အထိ ပြင်းထန်ခဲ့ကြောင်း၊ အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ကျောက် ကြီးမြို့၊ ဒုံးတို၊ ဆိပ်ကြီးရွာများဘက် သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၏ ရုပ်အလောင်းတစ် လောင်းအပါအဝင် ၃ ဦးကျန်ခဲ့ပြီး စုစုပေါင်း စစ်သား ၁၂ ဦးကျော်သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၁ ဦး ခြေသလုံး လက်နက်ကြီး စ ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီအချိန် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းနေရာသို့ စစ်တပ်က ထပ်မံထိုးဖောက် ပစ်ဝင်လာခဲ့သဖြင့် တော်လှန် ရေးတပ်များက ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သားများ ထပ်မံအထိနာခဲ့ပြီး မြေပြင်မှလည်း ရိုးမ ၁ ၊ ရိုးမ ၂ ၊ ဖြူးပကဖအဖွဲ့၊ KNLA ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မွန်းတည့် ၁၂ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း ပစ်ကူ လာရောက်ပစ်ကူပေးခဲ့ရာ အဆိုပါလေယာဉ်များပေါ်မှ ကြဲချခဲ့သော ဗုံးများသည် မြေပြင် ရှိ အကြမ်းဖက် စစ်သားများအရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ရာ မြေပြင်စစ်ကောင်စီတပ်များကလည်း ပွိုင့်ဖိုက်လက်နက်ဖြင့် ၎င်းတို့၏ စစ်လေယာဉ်ကို ပြန်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပြန်လည် ပစ်ခတ်မှု ကြောင့် လေယာဉ်မှာ ဆက်မပစ်တော့ဘဲ တောင်ငူလေတပ်သို့ လှည်ပြန်သွားခဲ့ကြောင်း သိရသည်။
စစ်လေယာဉ်လှည့်ပြန်သွားပြီးနောက် အထိနာနေသော စစ်တပ်စစ်ကြောင်းမှာ ကျောက်ကြီးမြို့ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး ကျော် သေဆုံးကာ ၁၅ ဦးကျော် အကျိုး၊ အပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို KNLA ဦးဆောင်သော ရိုးမ ၂ ၊ KNLA ပူးပေါင်း ဒရုန်းအဖွဲ့များ၊ မြေပြ င်ကွန် မန်ဒို၊ ၊ ဖြူးပကဖ၊ ရိုးမ ၁ စစ်ကြောင်း အာဠာဝက တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး စစ်သား ၅၀ ကျော် ထိခိုက်သေဆုံးကာ အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့၊ စစ်ပစ္စည်း အသုံးအဆောင်အချို့ကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
D Day News