Sagaing News

0 0
Read Time:4 Minute, 50 Second

ရွှေဘိုမြို့နယ် ပလိုင်းရွာသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းက ပြည်သူ ၅ ဦးကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ပြီး ယင်းစစ်ကြောင်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှု ထိခိုက်သေဆုံးမှု အများအပြားရှိ

 

D Day News

နိုဝင်ဘာလ ၁၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ပလိုင်းရွာသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းက ပြည်သူ ၅ ဦးကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ပြီး ယင်းစစ်ကြောင်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှု ထိခိုက် သေဆုံးမှု အများအပြား ရှိကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

 

အောက်တိုဘာလ ၂၉ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကျွန်းတောရွာဘက်မှ တက်လာသော အကြမ်းဖက် စစ်သားများကို အိုးဘိုရွာထိပ်နှင့် မင်းကုန်းရွာ တံတား ဝန်းကျင်တွင် ရွှေဘိုမြို့နယ်၊တိုက်နယ် ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ငါးမည်ရ ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်ကလည်း ရွှေဘိုမြို့နယ်၊ပလိုင်းရွာ၌ အထိုင်ချ တပ် စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများထံ ထောက်ပို့ပေးရန် အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာ သော အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ဒရုန်း၊ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ချီပါရွာ၌ ရပ်တန့် နေခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူများသည် ချီပါ၌ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူများနှင့်လမ်းခုလတ်၌ တွေ့ဆုံရန် ထွက်လာစဉ် လျှပ်စီး မုန်တိုင်း ပကဖ နှင့်နယ်မြေခံ ပကဖများ၊ မဟာမိတ်အဖွဲ့များမှ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူများ အထိနာပြီး ပလိုင်းရွာအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

 

ထို့အပြင် ရွှေဘိုမြို့နယ်၊ အိုးဘိုကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် အိုးဘိုရွာတံတားအနီးတွင် အမည်သိသူ ၅ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်ခံရသူများမှာ ယနေ့အချိန်အထိ မည်သူ၊ မည်ဝါဖြစ်သည်ကို အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

နိုဝင်ဘာလ ၇ ရက်နေ့ညပိုင်းတွင် ချီပါရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူများသည် ပြည်သူပိုင်ပစ္စည်းများခိုးယူပြီး အိုးဘိုဘုန်းကြီးကျောင်းမှတဆင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွှေဘို မြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖတာဝန်ခံ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့ PDO နှင့် တိုက်နယ် ၅ တာဝန်ခံ၊ တိုက်နယ် ၅ တိုက်ခိုက်ရေး တာဝန်ခံတို့ ပူးပေါင်း၍

ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့၊ တိုက်နယ် ၅ တိုက်ခိုက်ရေးအဖွဲ့ ၊ တိုက်နယ် – ၅ ငါးမည်ရ တိုက် ခိုက်ရေးအဖွဲ့ ၊ တိုက်နယ် -၁ ပကဖအဖွဲ့ တိုက်နယ်-၂ ပကဖအဖွဲ့၊ ဒီပဲယင်း ပကဖအဖွဲ့နှင့် နယ်မြေ ခံပကဖအဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း ၄ ၊Drone အဖွဲ့များအဖြစ် မြို့နယ်ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့)၊ Fixed Wings Drone အဖွဲ့များဖြစ်သော ဂဠန်ကြီး Drone အဖွဲ့ ၊

ဘီလူးညီနောင် Drone အဖွဲ့၊ အားမာန် Drone အဖွဲ့၊ IC Drone အဖွဲ့၊ NTG ခင်ဦး Drone အဖွဲ့ ၊ အရာ တော် Drone အဖွဲ့၊ ဒီပဲယင်း တကောင်ဘွား Drone အဖွဲ့၊ လက်နက်ကြီးအဖွဲ့အဖြစ် တိုက်နယ် -၄ ပကဖ ရွှေဘိုကျားကြီးအဖွဲ့၊ Black Eagle အဖွဲ့၊ တိုက်နယ် (၅)ဖျံ လက်.နက်ကြီးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

နိုဝင်ဘာလ ၈ ရက်နေ့တွင်အကြမ်းဖက်စစ်သားများ တပ်စွဲထားသည့် ချီပါရွာနှင့်အိုးဘိုရွာအား ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *