Poem

0 0
Read Time:1 Minute, 32 Second

ကဗျာကဏ္ဍ “ခွင့်လွှတ်ပါအမေ”

 

ပျိုးကြဲလက်

 

မွေးသမိခင် ၊ ကျေးဇူးရှင်အား

ဝေဟင်ပေါ်က ၊ ဗုံးကြဲချ၍

သတ်ကြသည်ကို ၊ သားမောင်ငိုလျှက်

အပိုမထွက် ၊ မပြောရက်ပါ

အသက်တမျှ ၊ သားချစ်ရသည့်

အမေရယ် ။

 

မေ့ရွာသတင်း ၊ ကြားကြားချင်းဝယ်

စိတ်တွင်းမီးတောက် ၊ လူစိတ်ပျောက်ပြီး

စိတ်ဖောက်ခဲ့ရာ ၊ ဒေါသပါ၍

သားမှာကွာတား ၊ ချခံထားလျှက်

ပါးနားပူဆဲ ၊ သတိဆွဲကာ

လွှဲရိုက်ခံရပြီးပါပြီ ။

 

အမေ့အသက် ၊ သတ်ဖြတ်ရက်သည့်

လက်မရွံ့တပ် ၊ ဗုံးချအပ်သူ

လေတပ်တော်တွင်း ၊ သူငယ်ချင်းလည်း

မျက်ကွင်းဟောက်ပက် ၊ အိပ်ရေးပျက်၍

ငိုရက်ရှည်ရပါပြီအမေ ။

 

သူတို့ရွာက ၊ သူ့နှမနှင့်

တူမတသင်း ၊ သားတပ်ရင်းက

ရွာတွင်းပေါင်းစု ၊ စစ်ကြောင်းပြု၍

မုဒိမ်းကျင့်လျှက် ၊ ဘဝဖျက်ကာ

သက်မဲ့ခန္ဓာ ၊ ဝတ်ဗလာဖြင့်

သေချာမလွဲ ၊ အရှက်ခွဲလျှင်

ငိုပွဲဆင်တာ ၊ နေ့တိုင်းပါအမေ ။

 

ကြည်းရေလေတပ် ၊ အမှားထပ်ကာ

ပေးဆပ်ရာဝယ် ၊ ဆွေမျိုးလှယ်ပြီး

တကယ်သတ်ခါ ၊ ရက်စက်တာဖြင့်

စိတ်မှာမပျော် ၊ ကမ္ဘာကျော်၍

လာခေါ်ပါတော့ ၊ သေချင်ပေါ့ ။

 

သားတို့ဆွေမျိုး ၊ သူနှင့်တိုးသို့

သူ့မျိုးသူ့ဆွေ ၊ သားကြောင့်သေပြီ

အမေခွင့်လွှတ်နိုင်ပါစေ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ၀၀ နာရီ ၅၀ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *