NUG News

0 0
Read Time:1 Minute, 57 Second

တောင်ကိုရီးယားရောက် မြန်မာကို နေထိုင်ခွင့်ဗီဇာအခက်အခဲရှိပါက တရားဝင်ဆောင်ရွက်ပေးလျက် ရှိကြောင်း NUG ထုတ်ပြန်

 

D Day News

နိုဝင်ဘာလ ၁၀

 

တောင်ကိုရီးယာနိုင်ငံရောက်မြန်မာများ နေထိုင်ခွင့်ဗီဇာအခက်အခဲရှိပါက တရားဝင်ဆောင်ရွက်ပေး လျက်ရှိကြောင်း NUG အစိုးရ ၊ တောင်ကိုရီးယာဆိုင်ရာ ကိုယ်စားလှယ်ရုံကအသိပေးထုတ်ပြန်သည်။

 

ကိုရီးယားမှာ ရောက်ရှိနေပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေသည့် မြန်မာနိုင်ငံသား များကို NUG ကိုယ်စားလှယ်ရုံး အနေဖြင့် တတ်စွမ်းသမျှ အကာအကွယ်ပေးလျက်ရှိကြောင်း၊ နေ ထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝက၏ အဖမ်းအဆီးခံရသူများကို ပြန်လည်လွတ် မြောက်ရေးအတွက် ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

ထို့အပြင် တော်လှန်ပြည်သူ မည်သူမဆို လဝက၏ အဖမ်းအဆီးနှင့် ကြုံရ၍ အကူအညီ လိုအပ်ပါက ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ဖုန်း 010-9146-7482 သို့မဟုတ် ရုံးဖုန်း 010-8227-4773 သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

 

ဤသို့သော ကူညီဆောင်ရွက်မှုများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများ ပါဝင်နေသည့်အတွက် (လိုအပ် သည့်ကိစ္စမှအပ) သတင်းထုတ်ပြန်တာမျိုး လုပ်လေ့မရှိပါကြောင်း၊ သတင်းမထုတ်ပြန် သော်လည်း တော်လှန်ပြည်သူများအတွက် ကူညီ ကာကွယ်မှုကို NUG ကိုယ်စားလှယ်ရုံးက အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *