International News

0 0
Read Time:7 Minute, 30 Second

ကုလလုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ့အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်

 

D Day News

နိုဝင်ဘာလ ၁၀

 

ကုလလုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ့အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

နိုဝင်ဘာလ ၇ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၇၉ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးသည့် အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုအပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ဆိုးရွားစွာ မြင့်တက် လာခြင်းကို လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် မှန်ကန်စွာ ဖော်ပြထား ကြောင်း၊ ပြီးခဲ့သော (၄၅) လတာ ကာလအတွင်း၌ စစ်အုပ်စု အနေဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း မှသည် တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တားဆီး ဟန့်တားခြင်း၊ လူငယ် များအား အတင်းအကျပ် တပ်းသားစုဆောင်းခြင်းနှင့် ကျေးရွာများကို မီးရှို့ ခြင်းအထိ ၎င်းတို့၏ အကြမ်းဖက် မှုများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ပြည်သူများကို ဒုက္ခဆင်းရဲ ခံစား စေပြီး အလုံး အရင်း ဖြင့် နေရပ်စွန့်ခွာမှုကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

 

ယင်း ကျူးလွန်မှုများကြောင့် ပဋိပက္ခ ပိုမို ကြီးထွားလာပြီး လူသားချင်းစာနာထောက်ထား မှု အကျပ် အတည်းကိုလည်း ပိုမို ဆိုးရွားစေခဲ့သည့်အပြင် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ရိုဟင်ဂျာများ၏ ဘေး ကင်းလုံခြုံစွာ နေရပ်ပြန်လည်သွားရောက်ခြင်းကို အဟန့်အတား ဆက်လက် ဖြစ်ပေါ်စေ ကြောင်း သိရသည်။

 

ထို့ပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် စစ်ရာဇဝတ်မှုမှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများမြောက်ကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများမှာ အမျိုးသမီးများ၊ မိန်း ကလေးငယ်များ၊ ကလေးငယ်များ၊ ရိုဟင်ဂျာများနှင့် အခြားသော ဖယ်ကျဉ်ခံ ထားရသည့် အုပ်စုများ အပေါ် အချိုး မညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ အိမ်နီးချင်း နိုင်ငံများအပေါ် ၌လည်း ကြီးလေးသော နောက်ဆက်တွဲ ဆိုးကျိုးများ ရိုက်ခတ်လျက်ရှိကြောင်း သိရ သည်။

 

မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စု နှစ်များစွာ အကျိုးခံစားလာပြီးဖြစ်၍ ၎င်းတို့အား ဥပဒေရှေ့မှောက်တွင် ချွင်းချက်မရှိ တာ ဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ့အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်း ဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော၊ အဓိပ္ပါယ် ပြည့်ဝသော၊ အချိန်ကိုက် သော အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အထပ် ထပ် အခါခါ ပျက်ကွက်နေခြင်းက မိမိတို့၏ ပြည်သူများကို စိတ်ပျက်စေပြီး မြန်မာပြည်သူများအပေါ် ပျက်ကွက်နေခြင်း မည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်အကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

ကုလသမဂ္ဂအနေဖြင့် လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာ ပြည်သူများ၏ အသက်များ ဆုံးရှုံးနေခြင်း၊ မိသားစုများ ကွဲကွာနေရခြင်း စသည့် အလွန် ကြေကွဲဖွယ်ရာ ကောင်း သော ပကတိအခြေအနေများကို တာဝန်ယူမှုရှိစွာဖြင့် အလေးထား ထည့်သွင်းစဉ်းစားရန် လိုအပ် သည် ဟုဆိုသည်။

 

လူမဆန်သော စစ်အုပ်စုထံသို့ လက်နက်များနှင့် အထောက်အပံ့များ ဆက်လက် ပေးအပ်လျက် ရှိ သော နိုင်ငံများကိုလည်း ၎င်းတို့အနေဖြင့် ထိုသို့ ဆက်လက်လုပ်ဆောင်နေခြင်းက ကြောက်လန့် ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခွင့်ပြုရုံသာမက အပြစ်မဲ့ပြည်သူ များ၏ အသက်ဆုံးရှုံးမှု ကိုပါ တိုက်ရိုက် ပါဝင်အားဖြည့်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ပြဿနာကို ဖြေရှင်းပေးရာမရောက်ဘဲ ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက လေးလေး နက်နက် ပြောကြား ထား သည်။

 

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့ အနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုသာမက မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တို့ကို ကာကွယ်စောင့်ရှောက်ရာတွင် ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် တောင်းဆိုထားသည်။

 

ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ၊ ငွေကြေး စ သည့် ထောက်ပံ့မှုများအား ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူများကို ကာကွယ် စောင့်ရှောက်မှု များကို ပေးအပ်နိုင်ပြီး၊ ယင်းမှာ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် အကူအညီဖြစ်စေသည် သာမက အပြစ်မဲ့ပြည်သူများ၏ အသက်များအား ကယ်တင်ပေးရေးအတွက် အကူအညီဖြစ်စေမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *