အကြမ်းဖက်စစ်တပ်သည် လူမဆန်သည့် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေပြီး ၎င်းတို့၏ လက် အောက်ခံ သတင်းမီယာ၊ သတင်းစာများနှင့် ပြင်ပရှိ သံတမန်များကို အသုံးပြု၍ သတင်းမှား များဖြန့် ဝေမှု လုပ်ဆောင်နေ
D Day News
နိုဝင်ဘာလ ၁၀
အကြမ်းဖက်စစ်တပ်မှ လူမဆန်သည့် လုပ်ရပ်များ ဆက်လက်ကျူးလွန်နေသည့် အပြင် လွတ်လပ်စွာ ထုတ်ဖော် ခွင့်ကို ပိတ်ပင်ကန့်သတ်ပိတ်ပင်ကာ ၎င်းတို့၏ လက်အောက်ခံ သတင်း မီဒီယာ၊ သတင်း စာများနှင့် ပြင်ပရှိ သံတမန်များ ကို အသုံးပြု၍ သတင်းမှားဖြန့်ဝေမှုကို လုပ်ဆောင်နေ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
နိုဝင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ပြုလုပ် လျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္တကော်မတီ၏ ဘာသာရပ် ခေါင်းစဉ် (၅၃)၊ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဘာသာရပ် (Questions Relating to Information) ဆွေးနွေးမှုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ တရားမဝင် အာဏာသိမ်းပြီး နောက်ပိုင်းမှ စ၍ စစ်တပ်က လွတ်လပ်သည့်သတင်းဌာနများအားတိုက်ခိုက်ခြင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်မှ လွတ်လပ်သည့်သတင်းမီဒီယာများနှင့် စာနယ်ဇင်းသမားများ၏ မှတ် ပုံတင်များကို အတင်း အကြပ် ရုတ်သိမ်းပြီး လွတ်လပ်စွာ သတင်း စီးဆင်းမှုကို ဟန့်တားခဲ့ကြောင်း သိရသည်။
သတင်းသမားများအားနှိမ်နှင်းခြင်း၊ ပြည်သူများအပေါ် စစ်တပ်၏ လူမဆန်စွာသတ်ဖြတ် နှိမ်နှင်းမှု သတင်းအမှန် များကိုဖော်ထုတ်ခဲ့သည့် သတင်းသမားများအားတရား မျှတမှုကင်းမဲ့ စွာဖြင့် ဖမ်းဆီး အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists Global Impunity Index) ၏ ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသည် သတင်းသမားများ သတ်ဖြတ်ခံရမှုနှင့် ပြန်လည် တာဝန်ယူမှုတွင် အနိမ့်ဆုံးအဆင့်တွင် ပါဝင်ကြောင်း သိရသည်။
အင်တာနက်အသုံးပြုမှုကန့်သတ်ခြင်း၊မြေပြင်တွင် ၎င်းတို့၏လုပ်ရပ်များအားနိုင်ငံတကာသို့ မရောက် ရှိ စေရန် ပြည်သူများ၏ အင်တာနက်သုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်ခဲ့ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွား ရာ ဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ကြောင်း၊ Freedom House ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်မှု တွင် အနိမ့်ဆုံးအဆင့်သတ် မှတ် ချက်တွင် ရှိကြောင်း သိရသည်။
ပြည်သူတစ်ဉီးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးများအားခြိမ်းခြောက်ခြင်း၊ လမ်းသွားလမ်းလာချိန်နှင့် ၎င်းတို့၏ နေအိမ်တွင်နေထိုင်နေချိန်ဖြစ်စေ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်သားများက တောင်းယူစစ်ဆေးမှုပြုလုပ်ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းများက ပြည်သူများအား အကြောက်တရားများဖြင့် နှုတ်ဆိတ်စေရန် ပြုလုပ်နေကြောင်း သိရသည်။
စစ်အာဏာရှင်များသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ဆက်လက်အသက် သွင်းပြီး ပြည်သူ များ အား သတင်းအချက်အလက်ရယူမှုခက်ခဲရန် လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့၏ လူ့ အခွင့်အ ရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုများကို ဖုံးကွယ်ရန် နှင့် တာဝန်ယူမှုတာဝန်ခံမှုမှ ရှောင်ရှားနိုင်ရန် စစ်ကောင်စီလက်အောက်ခံ သတင်း မီဒီယာ၊ သတင်း စာများနှင့် ၎င်းတို့ လက်အောက်ခံ ပြင်ပရှိ သံတမန်များ ကို အသုံးပြု၍ သတင်း မှားများဖြန့်ဝေ၍ ဝါဒဖြန့်မှုကိုလုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
စစ်တပ်၏ ဆိုးရွားသည့် သတင်းမှားများဖြန့်ချီမှုတွင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် လုပ် ဆောင်နေခြင်းလည်းပါဝင်ကြောင်း၊ ယင်းကဲ့သို့ စစ်တပ်မှလူမဆန်သည့် လုပ်ရပ်များ ဆက်လက်ကျူး လွန်နေသည့် အပြင်၊ လွတ်လပ်စွာထုတ်ဖော် ခွင့်ကို ပိတ်ပင်ကန့်သတ်ခံနေရခြင်း၊ လုံခြုံစိတ်ချရ သော သတင်းအချက်အလက် မရှိခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့် မရှိခြင်း တို့ ရှိနေသည့် အချိန် တွင် စစ်တပ်မှ ပြုလုပ်သည့် မည်သည့် ရွေးကောက်ပွဲကမျှ လွတ်လပ်မျှတပြီး အား လုံးပါဝင် သည့် ရွေးကောက်ပွဲမှုမျိုးဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ယင်းထက် မငြိမ်သက်မှုများ ပိုမိုဖြစ်ပွားစေမည် ဖြစ်ပြီး ပြည်သူများခံစားရသည့် ဒုက္ခသက်ဆိုးရှည်စေမည်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ထို့အပြင် ၎င်းတို့၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံးအတွက် တာဝန်ယူမှုတာဝန်ခံမှုကို ရှောင်လွဲရန် နိုင်ငံတကာ အသိုက် အဝန်း အားအာရုံလွှဲစေရန် ရည်ရွယ်သည့် စစ်တပ်၏ ဆိုးရွားသည့်ဗျူဟာတစ်ရပ်ဖြစ်သည်မှာ ထင်ရှား ကြောင်း ထောက်ပြထားသည်။
မြန်မာပြည်သူများအနေဖြင့် ယင်းအတုအယောင်ရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်သွား မည် ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ပြည်သူများနှင့်ထပ်တူ ပြတ်ပြတ်သားသား ပြင်း ပြင်း ထန်ထန်ကန့်ကွက်ပေးပါရန် ဆက်လက် တိုက်တွန်းထားသည်။
စစ်တပ်နှင့် ၎င်း၏ အာဏာသိမ်းဖြစ်ရပ်သည် အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ ထုတ်ဖော် ခွင့်ကို ဆိုးရွားစွာကန့်သတ်ခံရစေသည့် အဓိကအကြောင်းအရင်းဖြစ်ပြီး ယင်း ပြဿနာအဓိက ဇစ် မြစ်ကိုဖြေရှင်းရန် မြန်မာပြည်သူများ ကြိုးပမ်းဖော်ဆောင်နေသည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ခိုင်မာစွာရရှိစေမည့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည် ဆောက်ရေးတွင် နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီ ထောက်ခံ အားပေးရန် မေတ္တာရပ်ခံပါ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
D Day News