Yangon News

0 0
Read Time:2 Minute, 17 Second

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ်ဂိုဒေါင် နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်

 

D Day News

နိုဝင်ဘာလ ၉

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ကြောင်း မြို့ပြအထူးစစ်ဆင်ရေး (U.S.O) ထံမှ သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို မြို့ပြစစ်ဆင်ရေးအဖြစ် တာဝေးပစ် မစ်ဇိုင်း ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်နှင့် အရာရှိနေအိမ်များထိခိုက်နိုင် ကြောင်း သိရသည်။

စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းသုံးပစ်ခတ်တိုက် ခိုက်နေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒုံး ၄ လုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ U.S.O စစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြို့ပြအထူးစစ်ဆင်ရေး (U.S.O) မှ တာဝန်ရှိသူက ရှင်းပြသည်။

 

မှော်ဘီလေတပ်အနီးနေထိုင်သူများက ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ပေါက်ကွဲသံများ လေ တပ်အတွင်းမှ ထွက်ပေါ်ခဲ့ကြောင်း ဒေသနေပြည်သူများက အတည်ပြု ပြောဆိုသည်။

 

U.S.O အနေဖြင့် ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ် စု၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေး ပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများ ဆက်လက် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *