မြောက်ဥက္ကလာပမြို့နယ်၊ EPC ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်
D Day News
နိုဝင်ဘာလ ၉
ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ စောင့်နေသော အကြမ်းဖက်စစ် ကောင် စီတပ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ည ၇ နာရီခန့်က မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ အ စောင့် ချထားသော အကြမ်းဖက်စစ်သားများကို ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖော က်ခွဲတိုက် ခိုက်ခဲ့ရာ ထိရောက်စွာပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
“မိုင်းခွဲပြီးတော့ EP ရုံးနားမှာ ရဲခွေး၊ စစ်ခွေးတွေ အများကြီးရောက်နေတယ်။ လက်ရှိတော့ ခွေးတွေ ပြုံနေပြီ။ ခွဲပြီးမကြာဘူး စစ်ခွေးတွေထွက်လာပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုနေတာကြားခဲ့ရတယ်။ ပေါက်ကွဲမှုကလည်း အတော်ပြင်းတယ်။ မရမ်းကုန်းဘက်က အထိပါတယ်ကြားရတယ်လို့ သိရပါ တယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး မြောက်ဥကလာပမြို့နယ်(ပကဖ)နှင့် ပူးပေါင်း မဟာ မိတ် Yangon UG People Army တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News