Sagaing News

0 0
Read Time:2 Minute, 27 Second

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၂ စီးထိမှန် ပျက်စီး

 

D Day News

နိုဝင်ဘာလ ၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိမှန်ပျက်စီးခဲ့ကြောင်း People’s Defence Force – South Monywa တပ် ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၈ ရက် နံနက် ၁၁ နာရီ ၅၁ မိနစ်အချိန်တွင် မုံရွာမြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ် ကောင်စီ၏ တွဲကား ၄၇ စီးနှင့် Jammer ကား ၅ စီး အ နက် ၅ စီးမြောက်နှင့် ၆ စီးမြောက်လိုက် ပါလာသော အကြမ်းဖက်စစ်တပ် တွဲကား ၂ စီးကို ချောင်းဦး မြို့နယ်၊ နတ်ရေကန်ကျေးရွာ နှင့် ရေပိုး စားကျေးရွာကြား၌ ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်ဖြင့် မိမိ ရရ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တွဲကား ၂ စီးလုံး မိုင်းထိ၍ ရပ်တန့်သွားကြောင်း သိရသည်။

ထိုသို့ မိုင်းထိပြီးနောက် ကားပေါ်နှင့် လမ်းဘေးဝဲယာ၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သား များက လက်နက်ငယ်များဖြင့် တရစပ်ရမ်းသမ်းပစ်ခဲ့ရသဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုကတော့ အတိအကျ မသိရသေးဘူး ။ မိုင်းဆွဲတဲ့ရဲဘော်တွေကလည်း တောက် လျှောက် လိုက်ပစ်ခံရတော့ လှည့်မကြည့်နိုင်တော့ဘူးဖြစ်သွားတာ၊ လမ်းပိုင်းကလည်း ကင်းပုန်း တွေချည်ပဲ၊ လမ်းတစ်ကြောတစ်ခုလုံး ကင်းပုန်းတွေချထားတာ၊ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ ပါဘူး” ဟု People’s Defence Force – South Monywa တပ် ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ Venom Revolution Force ၊ Myinmu Local Defence Force ၊ Shining Star Local Defense Force နှင့် မြန်မာအစ္စလာမ်အထူကွန်မာန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *