Karen State News

0 0
Read Time:2 Minute, 18 Second

တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွင် စစ်တပ်ကင်းပုန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၉

 

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ်၊ ၁၃ မိုင် မှ ပျားစခန်း ကျေးရွာဘက်၌ လမ်းကင်းယူရန် ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို KNLA တပ်ရင်း ၅ ပူးပေါင်း တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ငူမြို့ဘက် မှ သံတောင်ကြီးဘက်ရှိ အကြမ်းဖက် စစ်တပ်၏ ဘု‌ရင့်နောင်တပ်ကို တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် စစ်ကား ၁၂ စီးဖြင့် တက် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ မိုင်ရွာ အရောက်တွင် တပ်မဟာ ၂ ကော်မာဒို စစ်ကြောင်းက ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း ဘုရင့်နောင်တပ်မှ တပ်ရင်းမှူး သင်တန်းဆင်းပြီး ပြန်လည် ထွက် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ မိုင်ရွာ ဝန်းကျင်တွင် တပ်မဟာ ၂ ကော်မာဒို စစ်ကြောင်းက ဒုတိယ အကြိမ် ထပ်မံ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *